မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၂၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၄ -Chindwin Attack Force အဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၄ နာရီခန့်က မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းပိုက်နိုင်ရန် အနည်းငယ်အလို မအူဂိတ်၊ စွမ်းရည်ထက်ဂိတ်၊ တောပုပျူရွာတို့မှ စစ်ကူများ ထွက်လာခြင်း၊ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ် ခြင်းနှင့် လက်နက်ခဲယမ်း မပြည့်စုံခြင်းတို့ကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ယင်းညောင်ဖြူပင် ရဲစခန်းကို ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၇ ဦး ထိခိုက် ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ ၏ အထူးကွန်မန်ဒို တပ်ဖွဲ့ (Monywa The Boys) ၊ မုံရွာခရိုင်တပ်ရင်း ၄ တပ်ခွဲ ၁- Spring Dove PDF ၊ မုံရွာခရိုင်တပ် ရင်း ၄ တပ်ခွဲ ၂ – 5/ Monywa Commando Force PDF ၊ မုံရွာခရိုင်တပ်ရင်း ၄ တပ်ခွဲ ၃ – Monywa Nightking PDF ၊ မုံရွာခရိုင်တပ်ရင်း ၄ တပ်ခွဲ ၄ – 5/ Teachers People Defence Force ၊ 96 Soldiers – PDF အညာဒေသတပ်ခွဲ ၊ မင်းသားကြီးတပ်စု ၁ ၊ မုံရွာခရိုင်တပ်ရင်း ၅ ၊ မုံရွာခရိုင်တပ်ရင်း ၁၃ ၊ မုံရွာခရိုင်တပ်ရင်း ၁၇ ၊ မုံရွာခရိုင်တပ်ရင်း ၂၃ ၊ မုံရွာခရိုင်တပ်ရင်း ၂၇ ၊ Special Guerilla Force – Monywa S.G.F ၊ စေတန် ၊ ခွေးသတ်မုဆိုး ၊ Monywa Special ဒိတ်ဒိတ်ကြဲ ၊ ယင်းမာပင် ခရိုင်တပ်ရင်း ၂၇ ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ ၊ ဒီမိုကဂက်တစ် Local တပ်ပေါင်းစု ၊ CDSOM နှင့် ကမျင်းနီ နယ်စည်းမခြား လက်နက်ကြီး အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။