32 C
Yangon

ဆီဆိုင်မြို့မှ တိမ်းရှောင်လာသော စစ်ဘေးသင့် ပြည်သူများကို PDF နှင့် ရလလဖ တပ်ဖွဲ့တို့က ကယ်ထုတ်

Must read

ဆီဆိုင်မြို့မှ တိမ်းရှောင်လာသော စစ်ဘေးသင့် ပြည်သူများကို PDF နှင့် ရလလဖ တပ်ဖွဲ့တို့က ကယ်ထုတ်

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် ထွက်ပြေးတိမ်းရှောင်လာ သော စစ်ဘေးသင့် ပြည်သူများကို PDF နှင့် ရလလဖ တပ်ဖွဲ့တို့က ကယ်ထုတ်နေကြောင်း အရှေ့ရိုးမ ပြောက်ကျားတပ် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့မှ ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် ဖြစ်ပွားနေသောစစ်ကောင်စီ၏ လေယာဥ်ဖြင့် ဗုံးကျဲမှုနှင့်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထွက်ပြေးလာသော ပြည်သူများကို အရှေ့ရိုးမပြောက်ကျားတပ် နှင့်ရှမ်းပြည်နယ် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေး(ရ လ လ ဖ)တပ်ဖွဲ့တို့က ပူးပေါင်း ကူညီလျက်ရှိကြောင် သိရှိရသည်။

စစ်ဘေးရှောင်ပြည်သူများကို ကယ်ထုတ်နေရာချထား ပြီး ကား၊ ဆိုင်ကယ် စက်သုံးဆီပြတ်လပ် နေမှုများကို ကူညီဆောင်ရွက်နေကြောင်း၊ စစ်ရှောင်များအတွက် လိုအပ်နေသောနေရာထိုင်ခင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း တာဝန်ယူလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article