33 C
Yangon

ကော့ကရိတ်မြို့တွင်း တိုက်ပွဲ ၅ ရက်တာအတွင်း စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး

Must read

ကော့ကရိတ်မြို့တွင်း တိုက်ပွဲ ၅ ရက်တာအတွင်း စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်း တိုက်ပွဲ ၅ ရက်တာ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၅ ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တပ်ရင်းများမှ စစ်ကောင်စီ တပ်သားများသည် ကော့ရိတ်မြို့တွင်းနေ ပြည်သူများကို လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးပြီး ကျားဖြူစစ်ကြောင်း ထိန်းချုပ်ထားသော နယ်မြေအတွင်း စစ်ကြောင်းထိုးလာသောကြောင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ KNLA ပူးပေါင်းတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော် ၁ ဦး တိုင်း ပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

တိုက်ပွဲအတွင်း အထိနာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် လူသားဒိုင်းများ၊ လက်နက်ကြီးများ၊ ဒရုန်းများ နေ့စဉ်အသုံးပြုကာ ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများ အနေဖြင့် မည်သို့ သောသတင်းများ ကြားသည်ဖြစ်ပါစေ တော်လှန်ရေး အဖွဲ့များထံ မေးမြန်းစုံစမ်းခြင်းမရှိပဲ ကော့ကရိတ်မြိုအတွင်းသို့ ပြန်လည် ဝင်ရောက်လာခြင်း မပြု လုပ် ကြရန်နှင့် လုံခြုံဘေးကင်းသော နေရာများတွင် နေထိုင်ပေးကြပါရန် ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article