25 C
Yangon

တောင်ငူခရိုင်တွင် စစ်ကောင်စီက ၂၈ နှစ်ကျော်ကြာ တပ်စွဲထားသော တပ်စခန်း ၃ ခုကို စွန့်ခွာ ထွက်ပြေးသွားသဖြင့် KNU က ရှင်းလင်း

Must read

တောင်ငူခရိုင်တွင် စစ်ကောင်စီက ၂၈ နှစ်ကျော်ကြာ တပ်စွဲထားသော တပ်စခန်း ၃ ခုကို စွန့်ခွာ ထွက်ပြေးသွားသဖြင့် KNU က ရှင်းလင်း

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ပဲခူးတိုင်း၊ တောင်ငူခရိုင်တွင် စစ်ကောင်စီက ၂၈ နှစ်ကျော်ကြာ တပ်စွဲထား သော တပ်စခန်း ၃ ခုကို စွန့်ခွာ ထွက်ပြေးသွားသဖြင့် KNU က ရှင်းလင်း လိုက်ကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။

ပဲခူးတိုင်း၊ တောင်ငူခရိုင် KNU တပ်မဟာ ၂ နယ်မြေတွင် စစ်ကောင်စီက ကျူးကျော် တပ်စွဲထားသော စကခ ၂၀ လက်အောက်ခံ ခမရ−၅၂၈ နှင့် ခမရ−၅၉၃ တပ်များ၏ ထီးတော်ပယ် (ထင်းရှူးတောင်) စခန်းကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင်လည်းကောင်း၊ ဘူဆာခီးစခန်းကို ဇန်နဝါရီလ ၁၄ ရက်နေ့တွင် လည်းကောင်း၊ သီးမူပေါ်စိုးစခန်းကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင်လည်းကောင်း စစ်ကောင်စီတပ်များက စွန့်ခွာ ထွက်ပြေးသွားကြကြောင်း သိရှိရသည်။

ထို့ကြောင့် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း ၄ နှင့် တပ်မဟာအထူး တပ်ဖွဲ့တို့က နယ်မြေလုံခြုံရေးနှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်မထိခိုက်စေရေးတို့အတွက် စစ်ကောင်စီ တပ်များက စွန့်ခွာသွားသော တပ်စခန်း ၃ ခုကို သွားရောက်ရှင်းလင်းခဲ့ကြ ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က စွန့်ခွာသွားသော ဘူဆာခီးစခန်းနှင့် ထီးကော်ပယ်စခန်းတို့ သည် ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့နှင့် နိုဝင်ဘာလ ၂၀ ရက်နေ့တို့တွင် စစ်တပ်က ဝင်ရောက်ကျူးကျော်တပ်စွဲခဲ့ကြဖြစ်ကြောင်း၊ ယခုအခါ စစ်ကောင် စီ တပ်များက အဆိုစခန်းများကို စွန့်ခွာ၍ ခလယ်လာရွာ (ဘောဂလိ ကြီး) ရွာ ဘက်သို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေး သွားခဲ့ကြကြောင်း သိရှိရသည်။

““ရိက္ခာဖြတ်တောက်ခံရလို့ပြန်ဆင်းတာကတစ်ကြောင်းပေါ့။ “၁၀၂၇” နဲ့ “၁၁၁၁” စစ်ဆင်ရေးတွေရဲ့ နောက် ဆက်တွဲနဲ့ တောင်ငူမြို့နားအထိ တော် လှန်ရေးတပ်ဖွဲ့တွေက တိုက်ပွဲများပိုမိုဖော်ဆောင်လာနိုင်တဲ့ အတွက် မြို့တွင်း နောက်တန်းစခန်းတွေဆီကို အင်အားပြန်လည်စည်းရုံးတာလည်း ပါနိုင်တယ်” ဟု တောင်ငူခရိုင် KNU ခရိုင်ပြောရေးဆိုခွင့်ရှိသူကပြောသည်။

စစ်တပ်၏ ထီးထော်ပယ်စခန်းသည် KNU တပ်မဟာ ၂ နှင့် တပ်မဟာ ၅ အစပ် နယ်မြေတွင်တည်ရှိပြီ စစ်ကောင်စီတပ်များကို လအတန်အကြာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့က ရိက္ခာဖြတ်တောက်ခဲ့ကြောင်း သိရှိရ သည်။

စစ်တပ်က စွန့်ခွာသွားသော ဘူဆာခီးစခန်းသည် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ဗျူဟာမှူး နေသော နဗဟ−၂ စခန်း ဖြစ်ပြီး ၂၀၂၃ ခုနှစ် မေလတွင် ဘူဆာခီးစခန်းသို့ မြေပြင်လမ်းကြောင်းမှ ရိက္ခာပို့ဆောင်ရန် လာသည့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များကို KNU တပ်မဟာ ၂ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ် တပ်ရင်းမှူး ဗညားအောင် သေဆုံးခဲ့ သည်။

ထို့အပြင် ၂၀၀၆ ခုနှစ်၌ ဘူဆာခီးဒေသတွင် ဘုရင့်နောင်တပ်မြို့ကဲ့သို့ တပ်နယ်၊ တပ်မြို့ တည်ဆောက် နိုင်ရေး အတွက် KNU တပ်မဟာ ၂ ကို မြန်မာ စစ်တပ်က မြေလှန်စနစ်ကို အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ် မေလ ဘူဆာခီး စခန်းမှအပြန် ဗိုလ်မှူးချုပ်ကောင်းမြတ် စီးလာသောကားကို KNU က မိုင်းဆွဲခဲ့ရာ ဗိုလ်မှူးချုပ်‌ ကောင်းမြတ် မိုင်းထိမှန် သေဆုံးခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article