30 C
Yangon

ဘုတလင်မြို့နယ်၊ ကူတော်ရွာရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၄ ဦးသေဆုံး

Must read

ဘုတလင်မြို့နယ်၊ ကူတော်ရွာရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၄ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း ဘုတလင်မြို့နယ် ပကဖ ဒုတာဝန်ခံ က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၄ ဦး သေဆုံးကာ စနိုက်ပါ အထိုင် ဗန်ကာကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။

“စခန်းသိမ်း တိုက်ပွဲ တိုက်ခိုက်တာပဲ ကျည်အင်အား နည်းတာနဲ့ မသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်” ဟု ဘုတလင်မြို့နယ် ပကဖ ဒုတာဝန်ခံ က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် BOB တပ်ရင်း ၂၀ ၊ ဘုတလင်မြို့နယ် ပကဖ အဖွဲ့ ၊ ဘုတလင် မြို့နယ် အားမာန်သစ် Local PDF နှင့် ဒေသ အခြေစိုက် လက်နက်ကြီးအဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article