29 C
Yangon

တောင်သာမြို့နယ်၊ ဝါးကြီးအိုင်‌ရွာရှိ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်း ဆည်းရရှိ

Must read

တောင်သာမြို့နယ်၊ ဝါးကြီးအိုင်‌ရွာရှိ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်း ဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၇

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဝါးကြီးအိုင်‌ရွာရှိ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်ရာ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း တောင်သာမြို့နယ် ပကဖ ထံမှ သိရသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ပျူစောခေါင်းဆောင် စိန်ထွန်း ဦးဆောင်သော ဝါးကြီးအိုင်‌ကျေးရွာရှိ ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ မိနစ် ၄၀ ခန့် တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး ခေါင်းဆောင်နေအိမ်ကို ဝင်ရောက်ရန် ပြုလုပ်နေစဥ် ရုံးစည်ကြီးရွာနှင့် ဇရပ်ကြီးရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ် သားများ ရောက်ရှိလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း ပျူစောထီး ၁ ဦးသေဆုံးကာ သေ နတ် ၁ လက်နှင့် ကျည်အနည်းငယ် သိမ်းဆည်းရရှိခဲ့ပြီ ပျူစောထီး ခေါင်းဆောင်နှင့် ၎င်း၏ အဖွဲ့ဝင်များ ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ ထို့ပြင် ဇရပ်ကြီးရွာမှ စစ်ကူလာသော စစ်ကားကိုလည်း ရုံးစဥ်လေးရွာအနီးတွင် မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ အထိအခိုက်ရှိနိုင်ကြောင်းသိရသည်။

ဝါးကြီးအိုင်‌ရွာရှိ ပျူစောထီး အဖွဲ့ဝင်များကို ၂၀၂၂ ခုနှစ်က တစ်ကြိမ် သွားရောက် တိုက်ခိုက်ခဲ့ပြီး တစ်ရွာလုံးရှိ ပျူအဖွဲ့ဝင်များကို ညာသံပေး၍ တော်လှန်ရေးအဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးခဲ့သော ရွာဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ နှင့် ညီနောင် မဟာမိတ်အဖွဲ့များဖြစ်ကြသော မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း ၊ တောင်သာမြို့နယ် ပကဖ ၊ BGF ၊ ညောင်ဦးရင်း ၅ ၊ အညာမြေအထူးကိုမန်ဒိုတပ်ဖွဲ့၊ Popa Production and Guerilla Force(PPGF) နှင့် ပုဂံဘီလူးအဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article