27.7 C
Yangon

မုန်းမြို့သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၇၂ ဦးသေဆုံးပြီး သေဆုံးသူများမှာ စစ်အင်ဂျင်နီယာတပ်မှ စစ်သားများနှင့်ရဲများ အများဆုံးပါဝင်

Must read

မုန်းမြို့သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၇၂ ဦးသေဆုံးပြီး သေဆုံးသူများမှာ စစ်အင်ဂျင်နီယာတပ်မှ စစ်သားများနှင့်ရဲများ အများဆုံးပါဝင်

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို KNLA နှင့် တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၂ ဦး သေဆုံးပြီး သေဆုံးသူများတွင် စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ အများဆုံးဖြစ် ကြောင်း KNLA ဗဟိုဌာနချုပ် (KNLA HQ ) က တရားဝင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၂ ရက် နံနက် ၅ နာရီခွဲခန့်မှ ညနေ ၅ နာရီခွဲအထိ ကရင်အမျိုးသားအစည်းအရုံး ခလယ် လွီထူခရိုင် ၊ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း ၈ နယ်မြေ မုန်းမြို့နယ် အကြပ်အင်းရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား ၇၂ ဦးသေဆုံးပြီး ၇၈ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၂ ဦး တွင် စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ အဆုံးဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဦးဆောင်သော ရိုးမ ပူးပေါင်း စစ်ကြောင်းတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article