30 C
Yangon

မုံရွာမြို့နယ်၊ နဂါးတွင်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

မုံရွာမြို့နယ်၊ နဂါးတွင်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းက စတင်ကာ မုံရွာမြို့နယ်၊ နဂါးတွင်းရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညနေ ၃ နာရီ ၅၇ မိနစ်မှ စတင်ကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် နေအိမ်များကို ထပ်မံ မီးရှို့လျက်ရှိကြောင်း သိရသည်။

“အခု စစ်ခွေး စစ်ကြောင်းဝင်ပြီး ရှို့နေတာပါ။ ရွာထဲကိုတော့ မနက်တည်းက စဝင်တာ ပြည်သူတွေ ထိခိုက်မှုနဲ့ ဖမ်းဆီးခံရမှုတော့ မရှိသေးဘူး” ဟု မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် နဂါးတွင်းရွာ အနီးရှိ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်းရှိနေသောကြောင့် မီးလောင်ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article