25 C
Yangon

ကိုးကန့် အထူးဒေသတွင် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ပြုလုပ်စဥ် ပြစ်မှု ကျူးလွန်သူ ၃၀ ကျော်နှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသော လက်နက် ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိ

Must read

ကိုးကန့် အထူးဒေသတွင် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ပြုလုပ်စဥ် ပြစ်မှု ကျူးလွန်သူ ၃၀ ကျော်နှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသော လက်နက် ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ကိုးကန့် အထူးဒေသ နယ်မြေ အတွင်း ရှင်းလင်းရေး အထူးစီမံချက် ဒုတိယနေ့တွင် အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ ရာဇဝတ်မှု ပေါင်းစုံ လုံးဝပပျောက်စေရန်အတွက် အထူးဒေသ စစ်အုပ်ချူပ်ရေး ကော်မတီ လက်အောက်ရှိ အဖွဲ့များသည် ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း MNDAA က ထုတ်ပြန်ထားသည်။

အထူး စီမံချက် တွင် ကိုးကန့်ဒေသ စွမ်းဟော့ချိန်နှင့် တုံချိန်ရှိ အဓိက နေရာ ၂ ခုတွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ ၃၆ ဦးနှင့် ပြစ်မှု ကျုးလွန်ရာတွင် အသုံးပြုသော လက်ကိုင်ဖုန်း အများအပြားနှင့် ဆက်စပ် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး အထူးဒေသ ရဲ ဌာနသို့ အပ်နှင်းခဲ့ကြောင်း သိရှိရသည်။

တရားဝင် နေထိုင်သည့် ပြည်ပနိုင်ငံသား ယာယီနေထိုင် ခွင့် မှတ်ပုံတင်ရေး၊ ယာယီနေထိုင်ခွင့် သက်သေခံလက်မှတ် ပြုလုပ်ပေးမှု အစီအစဥ်သည်လည်း တစ်ချိန်ထဲဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article