25 C
Yangon

မုံရွာမြို့နယ်၊ ကြိုးကြာကန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၅ လုံးပြာကျပြီး အိမ်မွေးတိရစ္ဆာန်များ မီးလောင်သေဆုံး

Must read

မုံရွာမြို့နယ်၊ ကြိုးကြာကန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၅ လုံးပြာကျပြီး အိမ်မွေးတိရစ္ဆာန်များ မီးလောင်သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြိုးကြာကန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၅ လုံးပြာကျပြီး အိမ်မွေးတိရစ္ဆာန်များ မီးလောင်သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျီးဗဒုံကျေးရွာကို စတင်စစ်ကြောင်းထိုးလာပြီး မင်းတဲကျေးရွာတွင် ညအိပ်တပ်စွဲကာ ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကြိုးကြာကန်ရွာကို သေနတ််များ ပစ်ဖောက်ကာ ၀င်ရောက်စီးနင်းပြီး ပြည်သူ့ပိုင် နေအိမ်များကို မီးရှို့ဖျက်စီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“မနေ့ညက မင်းတဲမှာ ညအိပ်တဲ့စစ်ကြောင်းဗျ၊ ဒီမနက်ကြကြိုးကြာကန်ရွာ၀င်ပြီးမီးရှို့တာ နေအိမ် ၅ လုံးနဲ့ အိမ်မွေးတိရစ္ဆာန်တွေ မီးလောင်သေဆုံးသွားတယ်” ဟု ဒေသ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့၀င်တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်စီးမှုကြောင့် နေအိမ် ၅ လုံး၊ နွားစာတဲ ၃ လုံး၊ သိုး အကောင် ၂၀၊ နွား ၁ ကောင်၊၀က် ၁ ကောင်နှင့် ဆိုင်ကယ်များ၊ လယ်ယာသုံးစက်ပစ္စည်းများ၊ မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာချိန်တွင် ပြည်သူများရှောင်ရှားနိုင်ခဲ့သောကြောင့် ထိခိုက် ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ ကလည်း အကြမ်းဖက် စစ်တပ်က မုံရွာမြို့နယ် နဂါးတွင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article