25 C
Yangon

ဇရပ်ကြီးမြို့ရှိ သီလရှင် ကျောင်း ၁ ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ဘေးရှောင် ပြည်သူ ၃ ဦး သေဆုံး

Must read

ဇရပ်ကြီးမြို့ရှိ သီလရှင် ကျောင်း ၁ ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ဘေးရှောင် ပြည်သူ ၃ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ပဲခူးတိုင်း၊ ထန်းတစ်ပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ သီလရှင် ကျောင်း ၁ ကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးရှောင် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဇရပ်ကြီးမြို့ရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သည့် သီလရှင် ကျောင်း ၁ ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးရှောင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“လေယာဉ်ဗုံးကျဲတာ။ ကျောင်းထဲကို ကျဲတာ။ မနေ့က ညနေပိုင်းလောက်။ စစ်ဘေးရှောင် ၃ ဦး သေဆုံးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇရပ်ကြီးမြို့အတွင်း အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများကြောင့် ဒေသနေ ပြည်သူများသည် တောင်ငူမြို့ကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article