31 C
Yangon

ရွှေဘိုရှိ စစ်တပ် တပ်စွဲထားသော ဇီးဖြူကုန်းရွာစခန်းနှင့် ရွှေဒါးကျောင်း အထိုင် စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး

Must read

ရွှေဘိုရှိ စစ်တပ် တပ်စွဲထားသော ဇီးဖြူကုန်းရွာစခန်းနှင့် ရွှေဒါးကျောင်း အထိုင် စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဇီးဖြူကုန်းရွာ တပ်စခန်းနှင့် ရွှေဒါးကျောင်း အထိုင် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Flying Dragon Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ စစ်သားများနှင့် ပျူစောထီးများ ပူးပေါင်း တပ်စွဲထားသော တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ ညနေ ၆ နာရီမှ ၈ နာရီ ၃၀ မိနစ် ခန့်အထိ ရွှေဘိုမြို့၊ ရွှေဒါးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၅ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးပြီး ၅ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရရှိသွားသော စစ်ကောင်စီတပ်သားများကို ညတွင်းချင်း ဆေးရုံကြီးကို ခေါ်ဆောင်သွားပြီး ယင်းတိုက်ခိုက်မှုသည် ဂန့်ဂေါနယ်တွင် စစ်သားများနှင့် ပျူစောထီးများက တော်လှန်ရေး ရဲဘော် ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်ကို လက်တုံ့ပြန် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ရွှေဘိုမြို့ပေါ် ရွှေဓားကျောင်းမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကို ဒရုန်းနဲ့ ဗုံးကျဲတာ ၇ ကောင်သေပြီး ၅ ကောင် ဒဏ်ရာရသွားတာပါ။ ဇီးဖြူကုန်း ပျူစောထီးရွာက စစ်ခွေး စခန်းကို ဗုံးကျဲတာကတော့ အထိအခိုက် မသိရသေးဘူး”ဟု Flying Dragon Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Flying Dragon Force ၊ Shwebo Crocodile ၊ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံ‌ရေးတပ်ဖွဲ့၊မဟာမိတ် Drone တပ်ဖွဲ့ မောင်းသူမဲ့လေယဉ်တပ်ဖွဲ့ဖြစ်သော BUFF ALOSOLDJERS (FREEDOM FORCE)၊ SHWEBO DEFENSE(FORCE) ၊ (BGS) ဒုန်းဖိုစ့် အရာတော် Ayadaw Rocket(LPDF)၊ FARMER HEROES (Khin U) ၊ NORTHERN TIGERS GROUP SAGAING REGION ၊ဗိုလ်လင်းရောင်(ဒပယ)သိခ်အားမာန် ၊ တန(၂) တပ်ပေါင်းစု တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article