30 C
Yangon

မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ရိက္ခာလာပို့သည့် စစ်တပ် စစ်ကြောင်းကို အကြိမ်ကြိမ် ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံး

Must read

မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ရိက္ခာလာပို့သည့် စစ်တပ် စစ်ကြောင်းကို အကြိမ်ကြိမ် ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ရိက္ခာလာပို့သည့် စစ်တပ် စစ်ကြောင်းကို အကြိမ်ကြိမ် ကြားဖြတ် တိုက်ခိုက်ထရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မြိုင်မြို့နယ် ခလရ ၂၅၈ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက် စစ်ကြောင်းသည် မြိုင်မြို့မှ တစ်ဆင့် ကန်နီပျူစောထီးရွာကို ရိက္ခာပို့ရန် ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် ၁ ကြိမ် ၊ နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် ၁ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲဖြစ်ပွားကာ အကြမ်းဖက် စစ်ကော်စီ တပ်သား ၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ များပြားကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက စနိုက်ပါ ဖြင့် ထပ်မံ ပစ်ခတ်တိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်း ၁၀နာရီ ၁၃မိနစ်ခန့်တွင် ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ ထပ်မံ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး မြို့တွင်း ဆေးရုံကို သယ်ဆောင်သွားကြောင်း၊ ထို့ပြင် ဖော်ဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ခွဲခန့်တွင်လည်း ၎င်းခွေးစစ်ကြောင်းနှင့် ထပ်မံ ထိတွေ့ တိုက်ပွဲ ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များက မိုင်း ၆ လုံး ၊ ဒရုန်းများ ၊ Fixwings များဖြင့် အကြိမ်ပေါင်းများစွာ အီနာဂါများ ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်ဖက် စစ်ကောင်စီ တပ်သားများ အထိနာခဲ့ကြောင်း သိရသည်။

အထိနာနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ၊ ပြည်သူ့အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကြောင်းသတင်းကို အမြဲတမ်း နားထောင်ပြီး စစ်ရေးသတိဖြင့် နေနိုင်ပါကြရန် မြိုင်ပကဖ က သတိပေး ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း၊ တပ်စု၊ တပ်စိတ်များနှင့် ပခုက္ကူခရိုင်တပ်ရင်း ၂ ၊ ၆ ၊ ၇ ၊ ၁၇ တို့က အတူတကွ ပူပေါင်းလုပ်ဆောင်ခဲ့ခြင်းကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article