28 C
Yangon

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့နယ် ဘူဖြောင်းမြို့တွင် စစ်အာသိမ်းမှုဆန့်ကျင်ခြင်း လူထုလှုပ်ရှားမှု ၃နှစ်ပြည့် ဆန္ဒပြသပိတ်ပြုလုပ်

Must read

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့နယ် ဘူဖြောင်းမြို့တွင် စစ်အာသိမ်းမှုဆန့်ကျင်ခြင်း လူထုလှုပ်ရှားမှု ၃နှစ်ပြည့် ဆန္ဒပြသပိတ်ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့နယ် ဘူဖြောင်းမြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေး အဖွဲ့ပေါင်းချုပ် Myanmar Federal Democratic Mission Collection (MFDMC) နှင့်အတူ နွေဦးတော်လှန်ရေးသပိတ်အင်အားစုက ဦးဆောင်၍ စစ်အာသိမ်းမှုဆန့်ကျင်ခြင်း လူထုလှုပ်ရှားမှု ၃နှစ်ပြည့် ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြပွဲတွင် နွေဦးတော်လှန်ရေးအတွင်း ပေးဆပ်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများအား ဦးညွှတ်အလေးပြုခဲ့ကြပြီး သစ္စာအဓိဌာန် ၄ချက်ရွတ်ဆိုကာ ဖွင့်လှစ်ခဲ့ပြီး MFDMCအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း နှင့် CDM ဗိုလ်ကြီး လင်းထက်အောင်တို့မှလည်း တက်ရောက်၍ တော်လှန်ရေးစကားများ ပြောကြားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article