35 C
Yangon

မြင်းမူမြို့ရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော စီးပွားရေးဘဏ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မြင်းမူမြို့ရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော စီးပွားရေးဘဏ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော စီးပွားရေးဘဏ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force Myinmu မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်နေ့ အဖြစ် မြင်းမူမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော စီးပွားရေးဘဏ်ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုသည် အချိန် ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရှိရာနေရာကို လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu (DK PDF-MMU)၊ ဇာမဏီ(MMU)၊ မြင်းမူဖိုက်တာ(MMU)၊ ဒေါင်းဘုရင်(MMU)၊ D.B.B.F MMU ၊ မြင်းမူမြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article