37 C
Yangon

သရက်ချောင်းမြို့နယ်ရှိ စစ်တပ် စခန်းကုန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ဒီပဲယင်းမြို့ အဝင်တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

သရက်ချောင်းမြို့နယ်ရှိ စစ်တပ် စခန်းကုန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ဒီပဲယင်းမြို့ အဝင်တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် စခန်းကုန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် တပ်ရင်း ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက Drone ဖြင့် ၄၀ မမ၊ အီနာဂါ ဗုံးသီး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ဦး သေဆုံးပြီး တပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီး ၃ ချက်၊ လက်နက်ငယ် အမြောက်အမြားဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး Drone များ Jammer မိသော်လည်း ပျက်စီး၊ ဆုံးရှုံးမှုမရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း ဒရုန်းတပ်ဖွဲ့ (T5 WINGS) နှင့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အဝင်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်းထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရေဦးမြို့မှ ထွက်လာသည့် အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒီပဲယင်းမြို့ အဝင် စစ်ဆေးရေး ဂိတ်အရောက်၌ ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း၊ ရေဦး PDF က ဒရုန်းဖြင့် ဗုံးသီး ၁ လုံး၊ စာရင်းစစ်ရုံး အနီးရောက်၌ ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြနိုင်သေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article