မြိုင်မြို့နယ်၊ သရက်ကန်ရွာမှ ပျူစောထီးများကို ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်မှု ၇ ဦးသေဆုံးပြီး ၅ ဦး အရှင်ဖမ်းမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာမှ ပျူစောထီးများကို ၂ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစော ထီး ၇ ဦးသေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိခဲ့ကြောင်း Earthquake People’s Defence Force သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၇ နာရီခွဲခန့်က မြိုင်မြို့နယ်၊ သရက်ကန်ရွာမှ ပျူစောထီး ၁၅ ဦး သည် ရွာ၏ တောင်ဘက်သို့ ကင်းပတ်ထွက်လာစဉ် ပခုက္ကူခရိုင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊ ကျန် ပျူစောထီး ၈ ဦးမှာ ကျေးရွာ အတွင်းသို့ ပြန်ဝင်ပြေးသွားကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသော ပျူစောထီး ၂ ဦး၏ ရုပ်အလောင်းကို ကောက်ယူရန် သရက်ကန်ကျေးရွာအတွင်းမှ အင်အား ၁၀ ခန့်ဖြင့် ပြန်လည်ထွက်ခွာပြီး အလောင်းကောက်ယူနေ စဉ် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
“ဒီစစ်ဆင်ရေးကို ပခုက္ကူအဖွဲ့တွေပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲနိုင်ရန် ပူးတွဲစစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့တာပါ၊ မနက် ၇ နာရီခွဲလောက်က ထွက်လာတာ ၇ ယောက်က လက်နက်မပါဘူး၊ ၈ ယောက် က လက်နက်ပါတယ်၊ လက်နက်မပါတဲ့ ၇ ယောက်ကို ပစ်လိုက်တာမှာ ၂ နှစ်ယောက်သေ တယ်၊ ၅ ယောက်က လက်မြှောက်ပြလို့ အရှင်ဖမ်းလိုက်တာ၊ ကျန်တဲ့ လက်နက်နဲ့ ၈ ယောက်က ရွာ ထဲ ပြန်ဝင်ပေးသွားတာ၊ ပြီးတော့ သေတဲ့အလောင်း ၂ လောင်းကို ကောက်ဖို့ ၁၀ ယောက်ကျော် ကျော် လောက်ထပ်ထွက်လာတယ်၊ အဲဒါနဲ့ အလောင်းကောက်နေတဲ့အချိန် ပြန်ပစ်လိုက်တာမှာ ၅ ယောက်ထပ်သေတာ၊ လက်နက်တွေကတော့ မရခဲ့ဘူး၊ သူတို့ဘန်ကာနဲ့နီးတာရယ်၊ စစ်ကူတွေ ထပ် ရောက်လာတာရယ်ကြောင့် ပြန်ဆုတ်ခဲ့လိုက်ရတာ” ဟု Earthquake People’s Defence Force သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုများကို ပခုက္ကူခရိုင် ပူးတွဲစစ်ဆင်ရေး ၃ အဖြစ် Badassess Burma Force ၊ TYK ပျောက်ကြားတပ်ဖွဲ့၊ မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း ၂ ၊ Pakokku People’s Defence Force ၊ Young Force UG ၊ မြိုင်ပကဖ တပ်ရင်း ၁ တပ်ခွဲ ၄ စင်္ကြာတပ်ဖွဲ့နှင့် Earthquake People’s Defence Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

