28 C
Yangon

ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်း ထိုးနေသော စစ်တပ်က ပြည်သူ ၆၀ ဦးကို ဖမ်းဆီးထားပြီး ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်း ထိုးနေသော စစ်တပ်က ပြည်သူ ၆၀ ဦးကို ဖမ်းဆီးထားပြီး ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်း ထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူ ၆၀ ဦးကို ဖမ်းဆီးထားပြီး ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေဘိုမြို့နယ် အနောက်ဘက်ရှိ ချီပါရွာကို နံနက် ၅ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းပြီး ချီပါတောင်ရွာနှင့် ချီပါမြောက်ရွာမှ ကျေးရွာနေ ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက တစ်ဖွဲ့ကို ၅၀လောက်နဲ့ သုံးဖွဲ့ခွဲဝင်တာ။ မနက်အစောကြီးဆိုတော့ အသံကြားမှပြေးရတာ။ ဘာမှယူချိန် မရလိုက်ဘူး။ အဝေးရောက်မှ စုံစမ်းကြည့်တော့ ပြည်သူ ၅၀ ကျော် ၆၀ခန့် ဖမ်းမိပြီး လက်နက်ကြီးစမှန်သူတွေလည်းရှိတယ်လို့ ကြားတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိချိန်တွင် ရွှေဘိုမြို့နယ် အနောက်ဘက်ရှိ ချီပါရွာ အပါအဝင် အိုဘို ၊ လုံထော် ၊ မဲတော ၊ အောင်ချမ်းသာ၊ နှောပင် ၊ အုပ်ပုံ ၊ မုတ်စီ၊ ငါးဇူကုန်း စသည့် ကျေးရွာများမှ ပြည်သူ ၁၀၀၀၀ ခန့်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Photo – စစ်ကိုင်းတိုင်းအတွင်း စစ်တပ် စစ်ကြောင်း ကျေးရွာထဲ ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article