25 C
Yangon

ရေဖြူမြို့နယ်ရှိ စစ်တပ်၏ ကာကင်း ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ရေဖြူမြို့နယ်ရှိ စစ်တပ်၏ ကာကင်း ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကာကင်း ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း BA HTOO ARMY BHA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရေဖြူမြို့နယ် အခြေစိုက် ခမရ ၄၀၇ ခြေမြန်တပ်ရင်းနှင့် ကပ်လျက် မီတာ ၄၀၀ အကွာတွင် ရှိသော ခရီးသွား ပြည်သူများကို ဆက်ကြေးကောက်နေသည့် အကြမ်းဖက် စစ်တပ်၏ ကာကင်းဂိတ်စခန်းကို ဗထူးတပ်မတော် က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး MA-3 လက်နက် ၁ လက် ၊ ကျည်ဘောက် ၁ ခု နှင့် 5.56 ကျည် ၂၅ တောင့် သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီး ဖြင့် အချက်ရေ များစွာ ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ပုံမှန်ဆိုရင်တော့ အဲဒီဆက်ကြေးကောက်တဲ့ ဂိတ်စခန်းက စစ်ခွေး ၇ ကောင် နေထိုင်လေ့ရှိတာ ကျွန်တော်တို့ ဝင်ရောက် တိုက်ခိုက်တဲ့အချိန်မှာ ၁ ကောင်ပဲ ရှိနေတာဗျ ခမရ ၄၀၇ နဲ့ ကပ်လျက်ရှိတာဆိုတော့ အင်အားနည်းနည်းပဲ သုံးထားတဲ့ သဘောပေါ့” ဟု BA HTOO ARMY BHA မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

၂၀၂၄ ခုနှစ်အတွင်း အကြမ်းဖက် စစ်တပ်ကို စစ်ရေးအရှိန်မြင့်ကာ အမြစ်ပြတ် တိုက်ခိုက် ချေမှုန်း သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိ ဖြင့် သွားလာနေထိုင် ကြရန် နှင့် ပြည်သူကာကွယ်ရေးအဖွဲ့များမှ တရားဝင်အသိပေး ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များကို လေးစားလိုက်နာကြရန် အသိပေးလိုကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ၏ လက်ကိုင်တုတ်ဖြစ်သော ပျူစောထီးများ ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ နှင့် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ ကျရှုံးမှု ပေါင်းများစွာဖြင့် ရင်ဆိုင်နေရသည့် အကြမ်းဖက် စစ်တပ်ကို စွန့်ခွာ၍ ပြည်သူ့ရင်ခွင် အမြန်ဆုံး ခိုလှုံ ဝင်ရောက်ကြပါရန် BA HTOO ARMY BHA မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article