သုံးဆယ်မြို့၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် စစ်ကောင်စီ တပ် သားများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ် ခတ်မှု ဖြစ်သွားပြီး ရဲ ၁ ဦီးသေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲ ၁ ဦီးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် သာ ယာ ဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အလယ်ကုန်းရပ်ကွက် ရန်ကုန်-ပြည်လမ်းမဘေး (ဆည်မြောင်းတည်-၉ လမ်းထိပ်) ဝတ် ရည်မွန် စားသောက်ဆိုင်ရှေ့တွင် ခလရ ၃၅ တပ်မှ စစ်ဗိုလ် ကြည်မျိုးလွင်၊ သုံးဆယ် ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး၊ နယ်ထိန်း အပါ ရဲတပ်ဖွဲ့ဝင် တချို့နှင့် သာယာဝတီဂဠုန်တပ်ဖွဲ့မှတော် လှန်ရေး တပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်း ပစ်ခတ်မှု ဖြစ်စဉ်အတွင်း ရဲ ၁ ဦး ကျည်ဆံထိမှန် သေ ဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက် မရရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သော်လည်း လက်ပစ်ဗုံးသီး ၂ လုံး၊ ရှေ့ထွက်မိုင်းနှင့် ဆိုင်ကယ် ၁ စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
“ရဲခွေး ၁ ကောင်က သေတယ် ကြားတာ အတည်တော့ မပြုနိုင်သေးဘူး။ ပြည်သူတွေကို ဖမ်းပြီး ငွေညှစ်တဲ့ ခလရ ၃၅ တပ်က စစ်ခွေး ဗိုလ်ကြည်မျိုးလွင် ဆိုသူကတော့ လက်မောင်း ကျည်ရှပ်ထိတယ်။ စစ်ခွေးဗိုလ် သေနတ်မှန်တာတော့ အတည် ပြုနိုင်ပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုသည် ပဲခူးတိုင်း နန်းထိုက်အောင် စစ်ဆင် ရေး အဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး ၃ ရက်ကြာ ပြင်ဆင်ဆောင် ရွက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီနှင့် ၄င်းတို့၏ ထောက်တိုင်မှန်သမျှကို တိုက်ခိုက်သုတ်သင်မည်ဟု သာယာဝတီဂဠုန်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။