29 C
Yangon

ရေတာရှည်မြို့နယ်၊ ကံလှကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ စစ်တပ်က ကံလှရွာရှိ နေအိမ် ၅၈ လုံးကို မီးရှို့ ဖျက်ဆီး

Must read

ရေတာရှည်မြို့နယ်၊ ကံလှကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ စစ်တပ်က ကံလှရွာရှိ နေအိမ် ၅၈ လုံးကို မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကံလှကျေးရွာအနီးကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၁ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းမင်သားညီနောင် စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၀ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ရေတာရှည်မြို့နယ်၊ ဘုရားကုန်းကျေးရွာ အုပ်စု၊ ကံလှကျေးရွာသို့ အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၁ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပဲခူးတိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်အစပ် ရေနီမြို့ဘက်ကနေ စစ်ကြောင်းထိုးလာတာဗျ၊ ၃၁ ကောင်သေတာပါ၊ အခုတော့ တောင်ဖီလာဘက်ကို ပြန်ဆုတ်နေတယ်လို့ သတင်းရထားပါတယ်” ဟု ဒေါင်းမင်သားညီနောင် စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို သံတောင်မြောက်ပိုင်းအထူးဒေသ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ ၊ တပ်ခွဲ ၄ ဒေါင်းမင်းသားညီနောင်စစ်ကြောင်း နှင့် Spring Hero Column ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှာ ရဲဘော် ၂ ဦး မျက်နှာ နှင့် နှာခေါင်း တို့တွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အထိနာနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကံလှ ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ် ၅၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျွဲ၊ နွား အိမ်မွေး တိရိစ္ဆာန်းများကို ပစ်ခတ် သတ်ဖြတ်ကာ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article