တောင်ကုတ်မြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေးအတွက် အဓိက ကျသော မအီတံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့မှ ကျောက်ဖြူမြို့သို့ သွားရောက် ရာတွင် အဓိကကျသော မအီတံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီးလိုက် ကြောင်း ဒေသပြည်သူများနှင့်တော်လှန်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့ ည ၉ နာရီ ၂၅ မိနစ်အချိန်တွင် စစ်ကောင်စီက ၊ တောင်ကုတ်မြို့နယ်၊ မအီမြို့နယ်ခွဲ၊ မအီချောင်းတံတားကို မိုင်းခွဲဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မအီဘက်ကနေ ကျောက်ဖြူဘက်ကို တက်မလာအောင် လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်တဲ့သဘောလို့ ယူဆရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။