24 C
Yangon

ရှားတောမြို့နယ် သံလွင်မြစ် အရှေ့ဘက်ကမ်းရှိ ဟွေအွန် တပ်စခန်း နှင့် ကျားပါစပ်ကြီး တပ်စခန်းမှ စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာထွက်ပြေး

Must read

ရှားတောမြို့နယ် သံလွင်မြစ် အရှေ့ဘက်ကမ်းရှိ ဟွေအွန် တပ်စခန်း နှင့် ကျားပါစပ်ကြီး တပ်စခန်းမှ စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာထွက်ပြေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ် သံလွင်မြစ် အရှေ့ဘက်ကမ်းရှိ ဟွေအွန် တပ်စခန်း နှင့် ကျားပါစပ်ကြီး တပ်စခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရှားတောမြို့နယ် သံလွင်မြစ်အရှေ့ဘက်ရှိ အကြမ်းဖက် စစ်တပ်၏ ရှေ့တန်း အထိုင်တပ်စခန်းများဖြစ်သော ဟွေအွန် တပ်စခန်း နှင့် ကျားပါစပ်ကြီး တပ်စခန်းတို့မှ အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် နောက်ဆုံးနေထိုင်၍ စခန်းများကို စွန့်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ဟွေပုန်းလောင်းဒေသ စိုးမိုးကုန်းတစ်ခုဖြစ်သည့် ကျားပါစပ်ကြီး စခန်း နှင့် နန့်ပန်ချောင်းဘေးတွင် အခြေပြုထား သော ဟွေအွန်တပ်စခန်းတို့မှ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့ထိ ရဟတ်ယဥ်များဖြင့် လာရောက် ခေါ်ဆောင်သွားခဲ့ပြီး စခန်းကို စွန့်ခွာထွက်ပြေးသွားကြောင်း၊ အဆိုပါ တပ်စခန်းများသည် ကရင်နီ-ထိုင်း နယ်စပ်အတွက် အကြမ်းဖက် စစ်ကောင်စီ၏ အရေးပါသော ရှေ့တန်းတပ်စခန်းများဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဟွေအွန်စခန်းနေရာကို KNDF B-21 နှင့် KNPLF တို့ ပူးပေါင်း၍ နယ်မြေရှင်းလင်းရေး ဝင်ရောက် လုပ်ဆောင်ခဲ့ပြီး စခန်းတွင်းရှိ ဆန်အိတ်တချို့နှင့် ခဲယမ်းတချို့တို့ကို သိမ်းဆည်းရရှိခဲ့ပြီး ကျားပါစပ်ကြီးစခန်း နေရာကို ကရင်နီ တပ်မတော် (KA ) မှ ဝင်ရောက်ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article