26 C
Yangon

မြင်းမူမြို့နယ်၊ ဂွေးပင်တာရွာရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

Must read

မြင်းမူမြို့နယ်၊ ဂွေးပင်တာရွာရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တာရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Myingyan District Drone Strike အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင်င် မြင်းမူမြို့နယ် ၊ ဂွေးပင်တာရွာ၌ အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက Fixed Wings Drone များဖြင့် ဗုံးသီး ၁၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၄ ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အဲ တိုက်ခိုက်မှုက စစ်ခွေး ၇ ကောင် ပြင်းထန် ဒဏ်ရာရပြီး ဒဏ်ရာရသူတွေထဲက စစ်ခွေး ၃ ကောင်သေတာ အတည်ပြုနိုင်ပါတယ်။ ၄ ကောင်ကတော့ အခြေအနေ မသိရသေးဘူး” ဟု Myingyan District Drone Strike အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan District Drone Strike အမှတ် ၁၈၄၈ ဒရုန်းတပ်နှင့် Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team-2 နှင့်အတူ ညီနောင်မဟာမိတ်များဖြစ်ကြသော ကျောက်ဆည်ခရိုင်အမှတ် -၂ တပ်ရင်း၊ မြောင် TGR၊ Black Eagle Defence Force (MMU) ၊ မိုရှေဒါယန်ပြာက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article