25.8 C
Yangon

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ကူးတံတားဂိတ်ကို ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ကူးတံတားဂိတ်ကို ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင် စစ်တောင်းမြစ်ကူးတံတား၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ပုဝါနီ စစ်ကြောင်းထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၆ နာရီအချိန်တွင် ရေတာရည်မြို့နယ်၊ ကျွဲရိုင်းပြင်စစ်တောင်း မြစ်ကူး တံတား၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် 2.5Kg ဗုံးသီး ၆ လုံး ကို ၃ ကြိမ် တိတိ ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

ထို့သို့ ဗုံးကျဲတိုက်ခိုက်ခံရပြီးနောက် ညပိုင်းတွင် စစ်ကောင်စီအထိုင်တပ်များမှ စစ်တောင်းမြစ်အရှေ့ ဘက်ကမ်းသို့ 120 mm လက်နက်ကြီး ၈ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပုဝါနီစစ်ကြောင်း၊ ကီးကူစစ်ကြောင်း၊ နေပြည်တော် ရိုးမစစ်ကြောင်းနှင့် တပ် ရင်း ၃၅၀၁ တပ်ခွဲ ၄ တပ်ခွဲ ၃ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article