စစ်ကောင်စီ ထိန်းချုပ် ထားသော နယ်မြေများတွင် ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများ ရခိုင်တပ်တော် ထိန်းချုပ် နယ်မြေများ၌ ပြောင်းရွှေ့ နေထိုင်ရန် AA ဖိတ်ခေါ်
■ စစ်တပ်က သူရဲဘောကြောင်စွာ ပြည်သူများကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်းများ ရပ်တန့်ခြင်း မရှိပါက ပြင်းထန် ပြတ်သားစွာ တုံ့ပြန်သွားမည်ဟု AA သတိပေး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
အကြမ်းဖက် စစ်ကောင်စီ ထိန်းချုပ်ရာ လုံခြုံမှုမရှိသော နေရာများတွင် ပြောင်းရွှေ့နေထိုင်မည့်အစား ရခိုင့်တပ် တော် ထိန်းချုပ်ရာ နေရာများ၊ မြို့ရွာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် ရခိုင့်တပ်တော် – AA က သဘောထား ကြောညာချက် တစ်စောင်ထုတ်ပြန်ပြီး ဖိတ်ခေါ်ထားသည်။
ရခိုင်ဒေသနှင့် မြန်မာနိုင်ငံ၏ စစ်ရေးအခြေအနေများအရ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက် ခိုက်ပြီး ပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားသော နယ်မြေများသည် အာရက္ခပြည်သူလူထု တစ်ရပ်လုံး အပါအဝင် အဖိနှိပ်ခံ ပြည်သူလူထုအားလုံးတို့အတွက် အလုံခြုံဆုံးသော နေရာများဖြစ်သဖြင့် စစ်ကောင်စီ ထိန်းချုပ်ထားသော ရန်ကုန် အပါအဝင် အခြားသောမြို့များသို့ တိမ်း ရှောင်နေကြမည့် အစား ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ထိန်းချုပ်ရာနေရာများ၊ မြို့ရွာများသို့ ပြောင်း ရွှေ့နေထိုင်ကြရန် မိဘပြည်သူများကို အသိပေး တိုက်တွန်းထားသည်။
အကြမ်းဖက် စစ်ကောင်စီ အနေဖြင့် စစ်သားပီသစွာ စစ်မြေပြင်တွင် တိုက်ခိုက်ရမည့် အစား အရပ်သား ပြည်သူလူထုများကို သူရဲဘောကြောင်စွာ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း၊ အချုပ်သားများ၊ အကျဉ်းသားများကို လူသတ် အလောင်းဖျောက်ခြင်းအစရှိသော စစ်ရာဇဝတ်မှုများကို ဆက် လက်ကျူးလွန်နေပြီး ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ကျူးလွန်နေမည်ဆိုပါက လုပ်သင့်လုပ်ထိုက်သည့် ပြင်းထန်ပြတ်သားသော တုံ့ပြန်မှုများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသား အဖွဲ့ ချုပ်/ ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။
အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီသည် မြန်မာနိုင်ငံအနှံ့ရှိ ဒေသအသီးသီးမှ တိုက်ပွဲများတွင် အ ရှုံးများဖြင့် ရင်ဆိုင်နေရသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း၊ ရက္ခိုင့်တပ်တော် အနေဖြင့် ရက္ခိုင် ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန် တိုက်ခိုက် သိမ်းပိုက် ရယူနိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး အာရက္ခပြည်သူလူထုများနှင့် အဖိနှိပ်ခံမြန်မာပြည် သူ လူထုတစ်ရပ်လုံးအတွက် အကောင်းဆုံး ကြိုးစားတိုက်ပွဲဝင်လျက်ရှိကြောင်း ရခိုင့်တပ်တော် – AA က အသိပေးထားသည်။
လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း၌ မြောက်မြား စွာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကျဆုံး၊ ဒဏ်ရာရ၊ ထွက်ပြေးမှုများ စသည့်ဖြစ်ရပ်များမှာ နေ့စဉ်နေ့တိုင်း ဖြစ်ပေါ်လျက်ရှိပြီး ပြုန်း တီးအင်အားများကို ကာမိစေရန် အကြမ်းဖက်စစ်ကောင်စီက“ပြည်သူ့စစ်မှုထမ်းဥပဒေ” ကို အသက် သွင်း၍ စစ်အင်အား ပြန်လည်ဖြည့်တင်းရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေကြောင်း သိရသည်။
ထို့အပြင် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အစရှိသဖြင့် အဘက်ဘက်တွင် ရှုံးနိမ့်နေသော အကြမ်း ဖက်စစ်ကောင်စီသည် အများပြည်သူအသုံးပြုနေသော လမ်းတံတားများကို မိုင်းခွဲဖျက်ဆီးခြင်း၊ ပြည်သူလူထုနေထိုင်ရာ မြို့ရွာများအတွင်းသို့ လက်နက်ကြီး၊ ရေကြောင်း၊ လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်၍ မြို့ရွာများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီး တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။
တစ်ရက်ပြီးတစ်ရက် ကျယ်ပြန့်လာသော ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများကြောင့် မြို့ရွာများမှ ပြည်သူလူထုများသည် စစ်ကောင်စီ၏ အရပ်သားပြည်သူလူထုများအပေါ် ပစ်မှတ်ထား တိုက်ခိုက် မှုမှ ရှောင်ရှားနိုင်ရန်အတွက် ရန်ကုန်အပါအဝင် အခြားသောမြို့ကြီးများသို့ တစ်စတစ်စ တိမ်း ရှောင်နေကြသည်ကို တွေ့ရှိလာနေရပြီး စစ်ကောင်စီထိန်းချုပ်ရာဒေသများသည် ယခင်ကတည်း ကပင် လုံခြုံရေး၊ စားဝတ်နေရေး၊ တရားဥပဒေ စိုးမိုးရေးအခြေအနေများ ယုတ်လျော့နေလျက်ရှိရာ ယခုအချိန်တွင် ပိုမိုဆိုးရွားလျက်ရှိကြောင်း သိရသည်။
ဤကဲ့သို့ အဘက်ဘက်မှ ပြိုကျပျက်စီးလာသည်နှင့်အမျှ အဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံး၏ အသက်၊ အိုးအိမ် စည်းစိမ်တို့မှာလည်း နေ့စဉ်နှင့်အမျှ ပိုမိုခြိမ်းခြောက်ခံရလျက်ရှိသည့်အပြင် အ ကြမ်းဖက် စစ်ကောင်စီက ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် လူမျိုးရေးအမုန်းတရားများကို မီးထိုး ကာ ရက္ခိုင်လူမျိုးများအား ဖိနှိပ်ဆန့်ကျင်စေရန် သွေးထိုးလှုံ့ဆော်မှုများကို ကောက်ကျစ်ယုတ်မာစွာ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီထိန်းချုပ်ထားသော ဒေသများရှိ ရက္ခိုင်လူမျိုးများကို အဓိကဦးတည်ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ စစ်သားစုဆောင်းခြင်း၊ ညှဉ်း ပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို နေ့စဉ်ရက်ဆက် ဆိုးရွားစွာ ကျူးလွန်လျက်ရှိသည့်အပြင် လူမှုကွန်ရက်သုံးစွဲသူ အပြစ်မဲ့ ရက္ခိုင်လူမျိုးများကိုလည်း သက်သေ အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ ပုဒ်မအမျိုးမျိုးတပ်၍ ဥပဒေမဲ့ဖမ်းဆီးကာ အချုပ်ခန်းများအတွင်း၌ သတ်ဖြတ် အလောင်း ဖျောက် မှုများကို ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိ ကြောင်း သိရသည်။
ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်တို့အတွင်း ဖမ်းမိခဲ့သည့် ထောင်နှင့်ချီသော စစ်သားများ အနက် ပြည်သူလူထုကို သတ်ဖြတ်ရာတွင် ကိုယ်တိုင်ကျူးလွန်သူများပါဝင်ပြီး ၎င်းတို့ကို စစ်ခုံရုံးတင်ကာ ထိရောက်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ရခိုင့်တပ်တော် AA က ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။
ရခိုင့်တပ်တော် – AA မှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများထဲတွင် အာရက္ခပြည်သူများအား စစ်ရာဇ ဝတ်မှု ကျူးလွန်ရန် အမိန့်ပေးခဲ့သော အထက်အရာရှိကြီးများ၊ အမိန့်ကို အကောင်အထည်ဖော်ပြီး လူသတ် မှုကို ကိုယ်တိုင်ကိုယ်ကျကျူးလွန်ခဲ့ကြသော တပ်ဖွဲ့ဝင်များပါဝင်ပြီး အဆိုပါ ပုဂ္ဂိုလ်များကို စစ်ခုံရုံးတင်၍ မိမိတို့ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း သိရ သည်။
အကြမ်းဖက်စစ်ကောင်စီ၏ မတရားသဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသော မိသားစုဝင်များ၏ နစ်နာမှု၊ တရားမျှတမှုတို့ကို ရရှိနိုင်ရေးတို့အတွက် စစ်ရာဇဝတ် ကျူးလွန်သူများကို ဥပဒေနှင့်အညီ တရား နည်းလမ်းကျကျ စစ်ဆေး အပြစ်ပေး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။
ရက္ခိုင်ပြည်နယ်နှင့် ပလက်ဝဒေသ စစ်ပွဲများအတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထောင် ချီကာ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို စစ်သုံ့ပန်း ဥပဒေ၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်း၊ ဥပဒေများနှင့်အညီ အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက် ထားကြောင်း၊ အသက်အန္တရာယ်စိုးရိမ်ရသောသူများနှင့် ဒဏ်ရာရ သူများကိုပင်လျှင် အသက်ကယ် တင် ပေးထားပြီး ၎င်းတို့၏ မိသားစုဝင်များကိုလည်း လူသားချင်း စာနာထောက်ထားစွာဖြင့် အခက် အခဲ များ ကြားမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေထိုင်စားသောက်မှုများ အတွက် အကောင်းဆုံးပြု လုပ်ပေး ထားကြောင်း သိရသည်။
သို့သော်လည်း အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီး ခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်း များကို ဆက်လက် ပြုလုပ်လျက် ရှိနေဆဲဖြစ်ကြောင်း သိရသည်။