ရွှေဘိုမြို့နယ်၊ မြို့လှကျေးရွာကို စစ်တပ်နှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးမှုကြောင့် တစ်ရွာလုံးနီးပါး ပြာကျပြီး ပြည်သူ ၈၀၀ ကျော် အခက်အခဲကြုံနေရ
ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၁
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြို့လှကျေးရွာကို အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများက မီးရှို့ဖျက် ဆီးခဲ့ရာ တစ်ရွာလုံးနီးပါးပြာကျဆုံးရှုံးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့က ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းပျူးစောထီးကျေးရွာ၊ တည်သီးတော ပျူစော ထီးကျေးရွာမှ အကြမ်းဖက်စစ်သား၊ ပျူစောထီးပူးပေါင်းအဖွဲ့သည် မြို့လှကျေးရွာအတွင်းသို့ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး တစ်အိမ်တက်ဆင်း မီးရှို့သွားရာ နေအိမ် ၂၀၀ ကျော် မီးလောင် ပြာကျခဲ့ပြီး ကျေးရွာနေပြည်သူအားလုံး ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။
“သူတို့ဝင်လာတော့ ခါးဝတ်ခါးစားနဲ့ ထွက်ပြေးခဲ့ကြရတာ၊ ဘာမှ မယူနိုင်ခဲ့ဘူး၊ ဖမ်းဆီးခံရတာ မျိုး တော့ မရှိပါဘူး၊ တစ်ရွာလုံးထွက်ပြေးခဲ့ကြရတာ၊ အိမ်ကြီးအိမ်ကောင်းတွေကိုပဲ အဓိကတက်ရှာဖွေ ယူပြီး တစ်အိမ်တက်ဆင်းမီးရှို့သွားတာ၊ ဖြစ်သလိုဆောက်ထားတဲ့အိမ်လေး ၃၀ ကျော်လောက်ပဲ ကျန်တယ်၊ တစ်ရွာလုံးပြာကျသွားတာ၊” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်သားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မြို့လှကျေးရွာနေပြည်သူ ၈၀၀ ကျော်မှာ အနီး အနား ရှိ ကံသာကုန်း ၊ တည်ဘိုပင်ရွာများသို့ တိမ်းရှောင်မှီခိုနေကြရပြီး စား၊ ဝတ်၊ နေရေး အခက် အခဲကြုံတွေ့နေရကြောင်း မြို့လှကျေးရွာသားအများစုသည် အစ္စလာမ်ဘာသာကိုးကွယ်သူများဖြစ် ပြီး ဥပုဒ်ကာလနီးပြီဖြစ်သဖြင့် ဝိုင်းဝန်းကူညီပေးစေလိုကြောင်း မေတ္တာရပ်ခံ ထားသည်။


