35 C
Yangon

ချောင်းဦးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော မော်တော်များကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

Must read

ချောင်းဦးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော မော်တော်များကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော မော်တော်များကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၈ Farmers Revolution Force F.R.F အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သားနှင့် ပျူစောထီး တချို့ ထိခိုက်မှုရှိပြီး အသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော မော်တော်များကို ပတ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကာင်စီ တပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၈ Farmers Revolution Force F.R.F နှင့် မုံရွာခရိုင် တပ်ရင်း ၉ Farmers Revolution Force F.R.F 2 တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရေကြောင်းမှ ရိက္ခာယူပြီး ပြန်လာသော အမြင့်စခန်းမှ စစ်သားနှင့် ရဲများကို Shar Htoo WAW နည်းပညာ တိုက်ခိုက်ရေး Drone ၁ စီးဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြနိုင်သေးကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် Shar Htoo WAW နည်းပညာတိုက်ခိုက်ရေး Drone ဖြင့် ငါးရှန်ရွာအရှေ့ဘက်တွင် ရှိသော ပြည်သူများ၏ ကြက်ခြံများကို မီးရှို့နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ချောင်းဦးမြို့အထွက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချတပ်စွဲထားသော သစ်တောရုံးတို့ကို ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article