25 C
Yangon

မြိတ်မြို့ ကမ်းနားလမ်း အပါအဝင် နေရာ ၃ ခုထက်မနည်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁ ဦးသေဆုံးကာ ဒဏ်ရာရသူများရှိ

Must read

မြိတ်မြို့ ကမ်းနားလမ်း အပါအဝင် နေရာ ၃ ခုထက်မနည်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁ ဦးသေဆုံးကာ ဒဏ်ရာရသူများရှိ

■ ရန်ကုန် လှိုင်သာယာနှင့်မြောက်ဥက္ကလာပတို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကမ်းနားလမ်း အပါအဝင် မြို့၏ နေရာ ၃ ခုထက်မနည်းတွင် ယနေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ည ၇ နာရီ ၃၀ မိနစ်အချိန် မြိတ်မြို့ ကမ်းနားလမ်း အရက်ဘားတွင် ဗုံးပေါက်ကွဲကြောင်း၊ ဘုံပျံနှင့်လေယာဉ်ကွင်းဘက်တွင်လည်း ဗုံးပေါက်ကွဲကြောင်း၊ တစ်ပြိုင်နက်တည်း ပေါက်ကွဲမှု ဟု သိရှိရကြောင်း၊ ဗုံးပေါက်ကွဲမှု ကြောင့် လူ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း သိရှိရသည်။

“မြိတ်မြို့ ဘားတွေ ကလပ်တွေ အနားမှာ ဗုံးပေါက်တာ။ အဲဒီနေရာက လူမပြတ်ဘူး။ Sea View ကုန်တိုက်အရှေ့အမှိုက်ပုံနားမှာ ဗုံးပေါက်လို့ လူတစ်ယောက်သေသွားတယ်။ လူတစ်ဦးလည်း ဗုံးစ မှန်တယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာပမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် ယနေ့ည ၉ နာရီဝန်းကျင်အချိန် ဗုံးများ ဆက်တိုက်ပေါက်ကွဲကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ည ၇ နာရီခွဲ မြိတ်မြို့တွင် ဗုံးပေါက်ကွဲပြီး လူ ၁ ဦးသေဆုံးသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article