29 C
Yangon

လှိုင်သာယာရှိ Xi Yang စားသောက်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်၊ စစ်တပ်နှင့်ပတ်သက်နေ၍ တိုက်ခိုက်ဟု Dark Shadow အဖွဲ့ပြောဆို

Must read

လှိုင်သာယာရှိ Xi Yang စားသောက်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်၊ စစ်တပ်နှင့်ပတ်သက်နေ၍ တိုက်ခိုက်ဟု Dark Shadow အဖွဲ့ပြောဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်း၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ရှိ Xi Yang စားသောက်ဆိုင်တွင် ယမန်နေ့ ညပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အဆိုပါ ဗုံးပေါက်ကွဲမှုသည် Xi Yang စားသောက်ဆိုင်နှင့် စစ်တပ်ပတ်သက်ဆက်နွယ်နေခြင်းကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း Dark Shadow တပ်ဖွဲ့မှ တာဝန်ခံ ရဲဘော် အရိပ်(ပန်ဒါ)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန် လှိုင်သာယာမြို့နယ် အရှေ့ပိုင်း ၊ တပင်ရွှေထီးလမ်း၊ ရွှေညောင်ပင် မှတ်တိုင်အနီးရှိ Xi Yang စားသောက်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း၊ ဗုံးဖောက်ခွဲမှုကို Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GOD တပ်ဖွဲ့တို့ ပူးပေါင်း၍ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အဲဒီဆိုင်က စစ်တပ်နဲ့ရဲတွေကို သတင်းပေးတယ်။ တော်တော်ဆိုးနေတာကြာပြီ။ သူတို့ဆိုင်က စစ်ခွေး၊ ရဲခွေး၊ ပျူတွေအားလုံး စုစည်း ဆုံစည်းတဲ့နေရာပေါ့” ဟု ရဲဘော်အရိပ်(ပန်ဒါ)က ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် အဆိုပါဆိုင်သည် မြို့ပြတော်လှန်ရေးတပ်ဖွဲ့များပြောဆိုသကဲ့သို့ စစ်ကောင်စီတပ်များနှင့် ဆက်နွယ်မှုရှိသည်ကို အတည်ပြုနိုင်ခြင်းမရှိသော်လည်း ဆိုင်ပိုင်ရှင်က လှိုင်သာယာမြို့နယ် အရှေ့ပိုင်းအုပ်ချုပ်ရေးအဖွဲ့ ၊ စစ်တပ်၊ ရဲတပ်ဖွဲ့အတွက် ငွေကြေးထောက်ပံ့မှုများ အမြဲလုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

“တပ်၊ ရဲနဲ့ ထွေ/အုပ်ကိုတော့ ဆိုင်ရှင်က အမြဲဝင်ထွက်ပြီး ငွေထောက်ပံ့တာရှိတယ်။ သူ့ဆိုင်မှာ စစ်တပ်နဲ့ရဲ၊ ပျူတွေဆို စိတ်ကြိုက် သောက်စားခွင့်ပေးထားတယ်” ဟု လှိုင်သာယာမြို့ခံတစ်ဦးက ဆိုသည်။

ယမန်နေ့ ညပိုင်း ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်တပ်၊ ရဲနှင့် ပျူစောထီးများကို ဆိုင်သို့ ရောက်ရှိလာပြီး စစ်ဆေးရေးများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article