25 C
Yangon

ရေဦးမြို့ အားကစားရုံတွင် အစည်းအဝေး ပြုလုပ်နေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရေဦးမြို့ အားကစားရုံတွင် အစည်းအဝေး ပြုလုပ်နေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အားကစားရုံတွင် အစည်းအဝေး ပြုလုပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း ရေဦးPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ရေဦးမြို့ အားကစားရုံတွင် စစ်ကောင်စီအဖွဲ့ဝင်များ အစည်းအဝေး ပြုလုပ်နေစဉ် ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း၊ ရေဦးPDF က Fixed-Wing Drone ဖြင့် ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အားကစားရုံထဲမှာ သူတို့ခေါင်းဆောင်ပိုင်းတွေ အစည်းအဝေးလုပ်တဲ့သဘောပဲ ၂ ကောင်က တော့မျက်မြင်ဆွဲထုတ်သွားတာတော့ တွေ့တယ်၊ ပိုပြီးတော့ တိကျအောင်လို့ ထောက်လို့တော့ မရသေးဘူး။ ဈေးထဲကပြည်သူတွေလည်း ဈေးပိတ်ပြီးတော့ ပြန်ပြေးကြတယ်လို့ သိရတယ်။ အစည်း အဝေးလုပ်နေတဲ့ပွဲလည်း ပျက်ပြီးတော့ အကုန်ပြန်လစ်ပြေးကြတယ်” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖရိုဖရဲ ထွက်ပြေးကြကာ အစည်းအဝေးပွဲ ပျက်သွားပြီး စစ်ကောင်စီတပ်သား ၂ ဦး ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article