27 C
Yangon

ရန်ကုန်မြို့ရှိ အကြမ်းဖက် စစ်တပ်ပိုင် Mytel ကုမ္ပဏီရုံးချုပ်ကို မိုင်းခွဲတိုက် ခိုက်

Must read

ရန်ကုန်မြို့ရှိ အကြမ်းဖက် စစ်တပ်ပိုင် Mytel ကုမ္ပဏီရုံးချုပ်ကို မိုင်းခွဲတိုက် ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ရန်ကုန်မြို့ရှိ စစ်တပ်ပိုင် Mytel ကုမ္ပဏီရုံးချုပ်ကို ယနေ့ ညနေပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြတော်လှန်ရေးတပ်ဖွဲ့က ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၆ နာရီအချိန် ဒဂုံမြို့နယ်၊အမှတ် (၆၁-၆၃)တိရစ္ဆာန် ရုံလမ်းရှိအကြမ်းဖက်စစ်တပ်ပိုင် MyTel ကုမ္ပဏီ ရုံးချုပ်ကို အ​နောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် Yangon Army (YA) တို့​ပေါင်း၍ ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် ထိထိရောက်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ဒီညနေ ပေါက်ကွဲသံအကျယ်ကြီးတော့ တိရိစ္ဆာန်ရုံဘက်က ကြားရတယ်။ အတော် ကိုကျယ်တာ” ဟု ယောမင်းကြီးလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော တိုက်ခိုက်မှုကြောင့် လူထိခိုက်မှု အခြေအနေ ရှိ၊ မရှိ အတိအကျ မသိရှိရသေးပေ။

ပြည်သူများကို နည်းမျိုးစုံဖိနှိပ်နေသော မင်းအောင်လှိုင်နှင့်ဆက်စပ်နေသာသူများအားလုံးကိုလည်းကောင်း၊ ပြည်သူအားစစ်မူ့မထမ်းမနေရဥပဒေကိုအားပေးအားမြောက်ပြုနေသောသူအားလုံးကို အ​နောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် Yangon Army (YA) တို့​ က ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင် ဖွင့်လှစ်ပေးခဲ့သော ရန်ကုန်မြို့ရှိ Mytel ကုမ္ပဏီရုံးချုပ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article