26 C
Yangon

မြိုင်မြို့နယ်ရှိ စစ်တပ် စခန်းနှင့် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရ

Must read

မြိုင်မြို့နယ်ရှိ စစ်တပ် စခန်းနှင့် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်စခန်းနှင့် စစ်ကားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၇ ရက် နံနက်ပိုင်းမှစ၍ ညနေပိုင်းအထိ မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စွဲနေထိုင်သော သရက်ကွကျေးရွာကို NYSO၊ DMG၊ Thu Rain TR နှင့် ပခုက္ကူမြို့နယ် ပ.က.ဖ တပ်ဖွဲ ၂ တို့ ပူးပေါင်း ပြီး RC Plane များဖြင့် ဗုံးသီး ၅ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ယူကလစ်ကုန်းမှာက တပ်စွဲထားတာ၊ ယူကလစ်ကုန်းကို ဗုံးကျဲတော့ အမှိုက်ပင်ကုန်းနဲ့ မြို့ခင်းသာ ရွာက ပျူစောထီး တွေက ကား ၃ စီးနဲ့ထွက်လာတာ၊ အဲဒါကို ငဖောင်ကန်အရောက်မှာ ကျနော်တို့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ သေဆုံးထိခိုက်မှုကတော့ မသိရသေးဘူး၊” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား များ တပ်စွဲထားသော ကွန်ပျုတာတက္ကသိုလ်အနောက်ဘက်ရှိ ယူကလစ်ကုန်းကို Fix Wing Drone ဖြင့် အီနာဂါဗုံးသီး ၆ လုံးခန့် ကျဲချတိုက်ခိုက်ခဲ့ရာ အမှိုက်ပင်ကုန်းရွာနှင့် မြို့ခင်းသာရွာမှ ပျူစောထီး များသည် ကား ၃ စီးဖြင့်ထွက်လာရာ ငဖောင်ကန်ကျေးရွာအရောက်တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Cobra၊ မြိုင် ပ.က.ဖ တပ်ရင်း ၁ ၊ Thu Rain TR နှင့် ပခုက္ကူမြို့နယ် ပ.က.ဖ တပ်ခွဲ ၂ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့သော် လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့မှ စက်မှု ၂ ၊ ဝဲတူးစခန်းသို့ ထောက်ပို့ပေးရန် ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့-မြိုင်ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက် နံနက်ပိုင်းက မြိုင်မြို့မှ ထွက်လာပြီး စက်မှု ၂ မှတဆင့် ဝဲတူးစစ်စခန်းသို့ ထောက်ပို့ပေးရန် ထွက်လာသည့် အကြမ်းဖက်စစ်တပ် ထောက်ပို့စစ်ကြောင်းကို စက်မှု ၂ နှင့် ဝဲတူး ကြားတနေရာ အရောက်တွင် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး Rocket လက်နက်ကြီးဖြင့် အလုံး ၁၀၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိ ပြီး လမ်း၌ ဆေးဝါး ကုသခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ၊ ပခုက္ကူ အဖွဲ့နှင့် မြိုင်ပကဖ တပ်ရင်း ၁ ၊ ဂျော်ကာ ဒရုန်းအဖွဲ့၊ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့၊ မြွေဆိုး၊ နန္ဒာမြေယခ၊ ဦးလေးကြီး၊ မိုက်ခဲ၊ စွယ်စုံ၊ နှလုံးလှလူမိုက်

နှင်းဂွေး နှင့် အခြားသော နယ်ခံ မဟာမိတ်များပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article