25 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး လက်နက်ကြီး လေကြောင်းတို့ဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး သေဆုံးပြီး နေအိမ် ၁၉ လုံး ပျက်စီး

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး လက်နက်ကြီး လေကြောင်းတို့ဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး သေဆုံးပြီး နေအိမ် ၁၉ လုံး ပျက်စီး

ရန်ကုန်၊ မတ် ၄

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး လက်နက်ကြီး လေကြောင်းတို့ဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး နေအိမ် ၁၉ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များသည် နောင်ကုန်းကျေးရွာ အတွင်း စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ နံနက် ၈ နာရီ ၄၀ မိနစ်မှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အထိ နတ်သံကွင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် နောင်ကုန်းကျေးရွာနှင့် ရင်းတိုက်ကုန်း ကျေးရွာကို လက်နက်ကြီး စုစုပေါင်း ၁၈ လုံး၊ ရေတွင်းကုန်း ကျေးရွာကို ဒရုန်းဖြင့် မီးလောင်ဗုံး ၂ လုံး၊ ရွှေဝါတပ်ရင်းမှ ရင်းတိုက်ကုန်းကျေးရွာကို မစ်ဇိုင်း ဒုန်း၉ လုံး တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ တောင်ငူလေတပ်မှ K-8W အမျိုးအစား ဂျက်ဖိုက်တာ ၁ စီးက ရော့ကတ် ၂ လုံးနှင့် မီးလောင်ဗုံး ၄ လုံး၊ MI-35 အမျိုးအစား တိုက်လေယာဉ် ၁ စီးက စက်သေနတ်ဖြင့် ၅ ကြိမ်နှင့် ရော့ကတ်ဖြင့် ၅ကြိမ်၊ ဂျက်ဖိုက်တာ ၁ စီး က စက်သေနတ်ဖြင့် ၃ ကြိမ်နှင့် ရော့ကတ်ဖြင့် ၂ ကြိမ် နောင်ကုန်းကျေးရွာ အနီးအနားကို ပစ်ခတ်ခဲ့ပြီး ရဟတ်ယာဉ် ၁ စီးက မှ ရေလဲ၊ တမောမ (လေးပေါမူ) နှင့် စစ်ဘေးရှောင်များ ခိုလှုံရာ နေရာများကို ဗုံးသီး စုစုပေါင်း အလုံးရေ ၂၀ ကျဲချခဲ့ကြောင်း၊ ရွှေဝါတပ်ရင်းမှ ပစ်ခတ်သော မစ်ဇိုင်းဒုန်းကြောင့် ရင်းတိုက်ကုန်းကျေးရွာမှ ဦးစတိုင်၏ အိတ် ၁၀၀၀ စပါးပုံနှင့် မတ်ပဲခင်းများ မီးလောင်ပြာကျခဲကြောင်း သိရသည်။

ထို့ပြင် နတ်သံကွင်းမှ ရေတွင်းကုန်းကြီးကျေးရွာကို ဒရုန်းဖြင့် မီးလောင်ဗုံး ၂ လုံး ပစ်ခတ်မှုကြောင့် နေအိမ် ၁၃ လုံး၊ ထင်းစင် ၁ စင်၊ နွားတင်းကုတ် ၉ လုံး၊ လှည်း ၆ စီး၊ ထွန်စက်အသေး ၂ စီး၊ ဆိုင်ကယ် ၁ စီး၊ စပါးကျီ ၅ လုံး၊ စပါးကြိတ်စက် ၁ လုံး၊ အင်ဂျင် ၃ လုံး၊ စက်ဘီး ၂ စီး၊ ဂိုဒေါင် ၁ လုံး မီးလောင် ပြာကျခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် နိုကလော် (ကျွန်းကုန်း) ကျေးရွာသား တီးဘီးမယ် ၅၀ နှစ်သည် ညောင်ပင်သာ ကျေးရွာကို သွားရာ ငသိုင်းမြောင်းနေရာတွင် မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ခမရ-၃၀၇ မှ လှေဒုံးကျေးရွာကို လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် လှေဒုံးကျေးရွာမှ ကိုအောင်ခ (ခ) ကိုဉာဏ်လင်းထွန်း ၃၉ နှစ် လက်နက်ကြီး ကျည်စထိမှန် သေဆုံးခဲ့ကြောင်း၊ ကိုအောင်သူဟိန်း ၃၂ နှစ်၊ မခင်ဝိုင်း ၂၁ နှစ်၊ မမိုးမိုးခိုင် ၄၄ နှစ်၊ မောင်ထူးသက်နိုင် ၁ နှစ် ၃ လတို့ လက်နက်ကြီးကျည်စထိမှန ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၈ နာရီခန့်တွင် နောင်ကုန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဒေသနေ ပြည်သူများကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့သောကြောင့် နောင်ကုန်းကျေးရွာသား ဦးတုတ်ကယ် ၆၆ နှစ်သည် တင်ပါးတွင် ကျည် ၃ ချက် ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်၊ ည ၈ နာရီ ၄၂ မိနစ်ခန့်တွင် နတ်သံကွင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရင်းတိုက်ကုန်း ကျေးရွာကို လက်နက်ကြီး ၃ လုံး၊ ည ၉ နာရီ ၅၀ မိနစ် မှ ၁၀ နာရီအထိ ကျောက်ကြီးမြို့မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တောင်စုကျေးရွာကို လက်နက်ကြီး ၄ လုံး၊ ကညွတ်ကွင်း အခြေစိုက် ခမရ-၄၃၉ က ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ရေလဲအရှေ့ဘက်ကို ၁ လုံး၊ ညနေ ၁ နာရီ ခွဲ ခန့်မှ ည ၁၁ နာရီအထိ ကွင်းချောင်းဝမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရင်းတိုက်ကုန်းကျေးရွာကို လက်နက်ကြီး ၁၀ လုံး၊ ရေလဲ အရှေ့ဖက်ကို ၆ လုံး ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တောင်စုအရှေ့ကျေးရွာ၊ တောင်စုအနောက်ကျေးရွာ၊ ရေတွင်းကုန်းကြီးကျေးရွာ၊ ရေတွင်းကုန်းလေးကျေးရွာ၊ နောင်ကုန်းကျေးရွာ၊ ရန်မျိုးအောင်ကျေးရွာ၊ တမာခေါ ကျေးရွာနှင့် ရွာကြီးအင်းကျေးရွာ စသည့် ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီး တပ်ဖြန့် ထားလျှက်ရှိကြောင်း သိရှိရသည်။

မတ်လ ၁ ရက်နေ့တွင် နောင်ကုန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စကစတပ်သားများသည် နောင်ကုန်းကျေးရွာရှိ ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ညနေ ၃ နာရီမှ ၄ နာရီအထိ ကွင်းချောင်းဝမှ ရင်းတိုက်ကုန်းကျေးရွာကို လက်နက်ကြီး ၉ လုံး၊ နောင်ကုန်းကျေးရွာကို ၃ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ညနေ ၆ နာရီခန့်တွင် KNLA က ဦးဆောင်ပြီး တောင်စုအနောက်ကျေးရွာတွင် ဝင်ရောက်ခဲ့ သော စကစတပ်များကို ဝင်ရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။

မတ်လ ၂ ရက်နေ့ နံနက် ၇ နာရီခန့်တွင် KNLA က ထပ်မံ ရှင်းလင်းရေး ပြုလုပ်စဉ် ယင်းရှင်းလင်းမှုအတွင်း စစ်ကောင်စီတပ်များ သတ်ဖြတ်သွားခဲ့သော တမာခေါရွာသား စောကော်လာဝါး ၄၅ နှစ်၏ ရုပ်အလောင်းနှင့် တောင်စုအနောက်ရွာ ဘုန်းကြီးကျောင်းတွင် စကစတပ်များ၏ MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခုနှင့် MA ကျည် ၂၃ တောင့်ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ တောင်စု အနောက်ရွာကို ဝင်ရောက်ခဲ့သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တောင်ကျေးရွာရှိ ဒေသနေပြည်သူများ၏ နေအိမ်များ အတွင်းကို ဝင်ရောက် မွှေနှောက်ခဲ့သည့်အပြင် စောအယ်တာခူ၏ စုဘူးရှိ ငွေကျပ် ၂ သိန်းကိုလည်း ခိုးယူ သွားကြောင်း သိရှိရသည်။

ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲမှ ၁ နာရီအထိ နတ်သံကွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာတွင်းကို လက်နက်ကြီးစုစုပေါင်း ၄ လုံး ပစ်ခတ်ခဲ့ရာ နံနက် ၂ နာရီခွဲမှ ၃ နာရီအထိ တောင်ငူ လေတပ် က Y-12 လေယာဉ် ၁ စီးသည် ရွာကြီးအင်းကျေးရွာနှင့် သဲကုန်းကျေးရွာ တစ်ဝိုက်ကို ဗုံးသီးများ ၁၁ ကြိမ်ခန့် ကျဲချခဲ့သည့်အတွက် ရွာကြီးအင်းကျေးရွာမှ နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article