32 C
Yangon

တန့်ဆည်မြို့နယ်တွင် စစ်တပ်က ပြည်သူ ၁၁ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၅၆ လုံး ကို မီးရှို့ ဖျက်ဆီး

Must read

တန့်ဆည်မြို့နယ်တွင် စစ်တပ်က ပြည်သူ ၁၁ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၅၆ လုံး ကို မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ မတ် ၄

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၁ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၅၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ တန့်ဆည်မြို့နယ်၊ အနောက်ပိုင်းကျေးရွာများကို ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁ ၊ ခမရ ၃၆၁ ၊ ခမရ ၇၀၈ နှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းသည် ၁၂ ရက်အတွင်း ပြည်သူ ၁၁ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၉ ရွာမှ ပြည်သူပိုင် နေအိမ် ၅၆ လုံးကို ၁၃ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ဆောင်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူများမှာ

၁။ ဝင်းနိုင်၊ ၅၀ နှစ် ခေါင်းဖြတ်သတ်ခံရ

၂။ ဇင်မင်းကို၊ ၂၉ နှစ် လည်လှီးသတ်ခံရ

၃။ ဦးဝေ၊ ၇၀ နှစ် ဦးခေါင်းပစ်ခံရ

၄။ ဦးရှမ်း၊ ၅၂ နှစ် ခေါင်းဖြတ်သတ်ခံရ

၅။ မောင်တိုး၊ ၂၇ နှစ် ခေါင်းဖြတ်သတ်ခံရ

၆။ မိုးဇော်ဦး၊ ၄၅ နှစ် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဖြတ်တောက်ခံရ

၇။ ဦးငြိမ်းချို၊ ၅၀ နှစ် ခေါင်းဖြတ်သတ်ခံရ

၈။ ဦးဌေးအောင်၊ ၄၀ နှစ် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဖြတ်တောက်ခံရ

၉။ မင်းဟန်၊ ၄၀ နှစ် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဖြတ်တောက်ခံရ

၁၀။ ဆွေလင်း၊ ၃၀ နှစ် ဦးခေါင်းပုဆိန်ထုသတ်ခံရ

၁၁။ ဆန်းပို၊ ၄၅ နှစ် ဦးခေါင်းပုဆိန်ထုသတ်ခံရ တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျူးလွန်မှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုပ်ချပြီး ကျူးလွန်မှုတွင် အမိန့်ပေးစေခိုင်းသူ၊ လက်ရောက် ကျူးလွန်သူ၊ အားပေးအားမြှောက်ပြုသူနှင့် တာဝန်ရှိသူ အဆင့်ဆင့်ကို မြို့နယ်ပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့ အနေဖြင့် ပြည်တွင်း/ပြည်ပ တရားစီရင်ရေး စနစ်ဖြင့် ဖမ်းဆီးအရေးယူ ပြစ်ဒဏ် ချနိုင်ရေး အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ အားထုတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တန့်ဆည်မြို့နယ်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ် ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article