နွားထိုးကြီးမြို့နယ်နှင့် မြိုင်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို ဒရုန်း လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ၁ ဦး သေဆုံး
ရန်ကုန်၊ မတ် ၄
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နနွင်းတော်ဘိုးကျေးရွာတွင် အကြမ်းဖက်စစ်သားများကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မတ်လ ၂ ရက် ညနေ ၅ နာရီ ၁၁ မိနစ်ခန့်က နွားထိုးကြီးမြို့ နယ်၊ နနွင်းတော်ဘိုးကျေးရွာ အတွင်းရှိ ပြည်သူ့နေအိမ်များအ တွင်းမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေသော အကြမ်း ဖက်စစ်ကောင်စီတပ် သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး တစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မြင်းခြံက ခွေးတွေပဲ၊ ဒရုန်းနဲ့ ဗုံးချခံရတာနဲ့ ပစ္စည်းတွေကောင်းကောင်းမခိုးနိုင်ဘူး၊ ကြက်ဥတွေ တော့ ခိုးသွားတယ်လို့ ပြောတယ်၊ ဗုံးသီးက ၂ လုံးချခဲ့တာ၊ ဒရုန်းနဲ့ ဗုံးချတော့ သေတဲ့ဟာရော၊ ဒဏ်ရာရတဲ့သူရော သွေးတွေသုတ်သွားတဲ့ အဝတ်အပိုင်းအစတွေ တွေ့ခဲ့ပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger- MBT ၊ Myingyan District Drone Strike (MDDS) နှင့် ဗိုလ်စားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်း၊ ရော့ကတ်လက်နက်ကြီး များဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Ghost of Enemies – GOE တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ မတ်လ ၄ ရက် နံနက် ၈ နာရီခန့်က မြိုင်မြို့နယ်၊ စက်မှု ၂ မှ မြိုင်မြို့ပေါ်သို့ ထွက်လာသော အင်အား ၁၀၀ ခန့်ရှိ အ ကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ရော့ကတ်ရှော့တိုက်ဒုံး လက် နက်ကြီး ၇ လုံး ဖြင့်လည်း ကောင်း၊ ညနေ ၃ နာရီခန့်တွင် မြိုင်မြို့မှ စက်မှု ၂ သို့ ပြန်လည် ထွက်ခွာသည့် အင် အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ရှော့တိုက်ဒုံး ၈ လုံးဖြင့် လည်းကောင်း၊ ဒရုန်းအသုံးပြု ၍ အီနာဂါဗုံးသီး ၆ လုံးခန့် ကျဲချခြင်းဖြင့် လည်းကောင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“အသွားတုန်းကလည်း ရှော့ဒုံးတွေနဲ့ ပစ်တယ်၊ ဒါပေမယ့်မြိုင်မြို့ပေါ်အထိရောက်သွားတယ်၊ ညနေ ၃ နာရီလောက်အပြန်မှာလည်း အီနာဂါလည်းချတယ်၊ ရှော့ဒုံးတွေနဲ့လည်းထုတယ်၊ ခွေးသေထိခိုက် ကတော့ မသိရသေးဘူး၊ အသွားတုန်းကတော့ ၁ ကျော်ရှိတယ်၊အပြန်ကျတော့ ၈၀ ဝန်းလောက်ရှိ မယ်” ဟု Ghost of Enemies – GOE တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Ghost of Enemies – GOE တပ်ဖွဲ့၊ ဦးပြောင်တပ်ဖွဲ့နှင့် ကိုကင်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။