25 C
Yangon

ရေဦးမြို့အဝင်ရှိ စစ်တပ်၏ ရွှေကျီးမင်းဂိတ်ကို ဒရုန်း၊ ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရေဦးမြို့အဝင်ရှိ စစ်တပ်၏ ရွှေကျီးမင်းဂိတ်ကို ဒရုန်း၊ ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မတ် ၉

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အဝင်ရှိ အကြမ်းဖက် စစ်တပ်၏ ရွှေကျီးမင်းဂိတ်ကို ဒရုန်း၊ ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားသော ရေဦးမြို့အဝင်ရှိ ရွှေကျီးမင်းဂိတ်ကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်းက Fixed-Wings Drone ၂ စီးဖြင့် ဗုံးသီး ၃ လုံးချကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် အဆိုပါ အကြမ်းဖက် စစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံပြီး SBB14B Rocket ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီ တပ်သားများ ထိခိုက်ကျဆုံးကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

“ခွေးသေစာရင်းတော့ ကျန်တော်တို့ မသိရသေးဘူး။ ပြန်ပစ်တာရှိတယ် မနက်ခင်းမှာ ဒရုန်းချတော့ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိတယ်။ တော်လှန်ရေး ရဲဘော်တွေ ထိခိုက်တာမရှိပါဘူး။ ကျွန်တော်တို့ အခု တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီ ဂိတ်စခန်းက မြို့နဲ့ လူနေအိမ်နဲ့ ဝေးတဲ့ အခါမှာ ကျန်တော်တို့ သတင်းရရှိမှု နည်းတာပေါ့။ အဲအတွက် စစ်ခွေးတွေ ထိခိုက်သေဆုံးမှုကို တိတိကျကျ မသိရသေးတာပေါ့။ ထိတာတော့ ထိတယ်။ ပျက်စီးမှု အခြေအနေလည်း မသိရသေးဘူး” ဟု ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article