တောင်သာမြို့နယ်၊ ဇဗ္ဘူသီရိရွာကို စစ်ကြောင်း ထိုးလာသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး
ရန်ကုန်၊ မတ် ၉
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇဗ္ဘူသီရိရွာကို စစ်ကြောင်း ထိုးလာသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ် ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း အမှတ် ၁ 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၈ ရက်နေ့တွင် တောင်သာမြို့နယ်၊ ဇဗ္ဘူသီရိရွာကို အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ပြင်းအားမြင့် ဗုံးသီး ၃ လုံးဖြင့် ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အဲတိုက်ခိုက်မှုက စစ်ခွေး ၄ ကောင်သေတယ်။ အကြမ်းဖက် စစ်ခွေး သေဆုံး အလောင်းတွေနဲ့ ခွေးနာတွေကို နာရေးကား ၁ စီး၊ Light Track ကား ၁ စီးနဲ့ တောင်သာ ဆေးရုံကို သယ်သွားတယ်” ဟု မြင်းခြံခရိုင် တပ်ရင်း အမှတ် ၁ 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်းအမှတ် (၁) 27 Revolution Forces ၊ မြင်းခြံခရိုင်တပ်ရင်း ၃၊ မြင်းခြံခရိုင်တပ်ရင်း ၄၊ မြင်းခြံခရိုင်တပ်ရင်း ၈၊ မြင်းခြံခရိုင်ဒရုန်းတပ်ရင်း MDDS၊ မလှိုင် ပကဖ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။