25 C
Yangon

ကလေးမြို့နယ်၊ ထိုမာရွာသား ၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ် ၁၄ လုံးကို မီးရှို့ဖျက်ဆီး

Must read

ကလေးမြို့နယ်၊ ထိုမာရွာသား ၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ် ၁၄ လုံးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မတ် ၁၂

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထိုမာရွာသား ၁ ဦးကို အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ပြီး နေအိမ် ၁၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မတ်လ ၉ ရက်နေ့တွင် ကလေးမြို့နယ်၊ ထိုမာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ပစ်ခတ် တိုက်ခိုက်ပြီးနောက် မြေပြင်မှ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှု လေကြောင်းက ဗုံးကျဲ တိုက်ခိုက်မှုနှင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် မီးရှို့ဖျက်ဆီးမှုကြောင့် ထိုမာကျေးရွာရှိ နေအိမ် ၁၄ လုံး မီးလောင် ပျက်စီးခဲ့ပြီး ရွာထဲတွင် ကျန်ရှိနေသည့် ပြည်သူ ၁ ဦးကိုလည်း ရက်ရက် စက်စက် သတ်ဖြတ်ကာ ရုပ်အလောင်းကို မီးရှို့ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ထိုမာကျေးရွာတွင် ရှိနေပြီး ထိုမာကျေးရွာမှ ပြည်သူများသည်လည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

ကလေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသ တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေး တင်းမာနေခြင်းကြောင့် ကလေးမြို့နယ် တောင်ပိုင်း လမ်းမကြီးကို လုံခြုံရေးအခြေအနေအရ မတ်လ ၁၁ ရက်နေ့ကနေစ၍ သွားခြင်း မပြုလုပ်ရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article