ရေစကြို၊ ကျောက်လှေခါး စစ်တပ် စစ်ဆေးရေးဂိတ်ကိုလက်နက်ကြီးဖြင့်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ မတ် ၁၂
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ကျောက်လှေခါး စစ်ဆေးရေးအထိုင်စခန်းကို ၆၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်ီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။
ယမန်နေ့ မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် သောက်စားမူးရူးပြီး ပြည်သူလူထုနေထိုင်သောကျေးရွာများကို လက်နက်ကြီးဖြင့် အကြိမ်ကြိမ်ပစ်ခတ် ဖျက်ဆီးနေသော ရေစကြိုမြို့နယ်၊ ကျောက်လှေခါးစစ်ဆေးရေးဂိတ်စခန်းကို ၆၀ မမ ဗုံးသီး အစစ် ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဂိတ်စခန်းအတွင်း ၁ လုံးနှင့် ဂိတ်စခန်း မြောက်ဘက် စစ်သားများ ကင်းပုန်းဝပ်နေသည့်နေရာသို့ ဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထို့သို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ် သား ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပခုက္ကူဆေး ရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရသည့် စစ်သား ၃ ဦးအနက် ၂ ဦးမှာ လမ်း၌သေဆုံးသွားကြောင်းသိရသည်။
” အရေးပေါ်ပို့လိုက်ရတဲ့ ၃ ကောင်ထဲက ၂ ကောင်သေသွားတာပေါ့၊ ကျန်တဲ့ တစ်ကောင်ကတော့ ဆေးကုသမှုခံနေရတုန်း၊ သူလဲ အပြင်းအထန်ဆိုတော့ သေနိုင်တဲ့အနေအထားတော့ရှိပါတယ်” ဟု Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Southern YSO PDF၊ Yesagyo Revolution Group (YRG၊ ဒေါင်းစစ်သည်၊ ဒေါင်းညီနောင် ၊ ပြည်သူ့အားမာန် PDF၊ညီနောင်သုံးဖော်၊ ရေစကြိုမြို့နယ် ပလဖ နှင့် King Cobra စသည့် ညီနောင်မဟာမိတ်များ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
