ရန်ကုန်တွင် စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ မတ် ၁၇
ရန်ကုန်မြို့တစ်နေရာတွင်‘ရန်ကုန်သူပုန်များ’ စာသားပါ ဘန်နာကို ကိုင်စွဲပြီး တော်လှန်လူငယ်များစုပေါင်းကာ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးပျောက်ကြားသပိတ်လှုပ်ရှားမှုတစ်ခုကို ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သပိတ်လှုပ်ရှားမှုကို Yangon Revolution Force – YRF (Soft Strike Community)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်) ၊ ရန်ကုန်လူထုသပိတ် နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကစိုလ် ကျောင်းသားများသမဂ္ဂ (ရရတကသ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။



