25 C
Yangon

ရေတာရှည်မြို့နယ်နှင့် ဆွာမြို့တွင် စစ်တပ် ကင်းပုန်းများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

Must read

ရေတာရှည်မြို့နယ်နှင့် ဆွာမြို့တွင် စစ်တပ် ကင်းပုန်းများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ မတ် ၁၇

ပဲခူးတိုင်း ၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဒိုးတန်းရွာ သင်္ချိုင်းကုန်းနှင့် ဆွာမြို့ အရှေ့ဘက် စစ်တောင်းမြစ် ကူးတို့ဆိပ်တွင် ကင်းပုန်းဝပ်နေသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးခဲ့ကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။

မတ်လ ၁၆ ရက်နေ့ ည ၈ နာရီခန့်တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ဒိုးတန်းကျေးရွာ သုသာန်တွင် ၀င်ရောက် ကင်းပုန်း၀ပ်နေသော အကြမ်းဖက် စစ်သားများကို ပုဝါနီစစ်ကြောင်းက ၄၀ မမ ဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်များဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ပြီး နံနက် ၅ နာရီအချိန်တွင် စစ်သား အလောင်းများကို သုံးဘီးဖြင့် လာရောက် သယ်ဆာင်သွားကြောင်း သိရသည်။

အလားတူ မတ်လ ၁၆ ရက်နေ့ ည ၉ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် ဆွာမြို့ အရှေ့ဘက်ရှိ စစ်တောင်းမြစ်ကူး ကူးတို့ဆိပ်တွင် ကင်းပုန်း ၀ပ်နေသော စစ်သား ၂၀ ကျော်ခန့်ကို တော်လှန်ရေး အင်အားစုများက ၄၀ မမ လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ အရေးပေါ်လူနာ တင်ယာဉ်ဖြင့် လာရောက်သယ်ဆောင်သွားပြီး ဆေးရုံ အရောက်တွင် သေဆုံးသွားကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူအချို့လည်း ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပုဝါနီစစ်ကြောင်း၊ ကီးကူ စစ်ကြောင်း၊ တပ်ရင်း ၃၅၀၁ တပ်ခွဲ ၄ နှင့် ရေတာ ရှည်မြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article