24.9 C
Yangon

စစ်ကောင်စီ၏ စစ်ယာဉ်တန်းမှ ရိက္ခာယာဉ် ၇စီးကို သိမ်းဆည်းပြီး ရရှိသော ရိက္ခာများကို ပြည်သူများကို ပြန်လည် မျှဝေ ၊ စစ်တပ်က အဓမ္မဖမ်းဆီးလာသည့် ပြည်သူများကို ကြားကာလအစိုးရထံ အပ်နှံ

Must read

စစ်ကောင်စီ၏ စစ်ယာဉ်တန်းမှ ရိက္ခာယာဉ် ၇စီးကို သိမ်းဆည်းပြီး ရရှိသော ရိက္ခာများကို ပြည်သူများကို ပြန်လည် မျှဝေ ၊ စစ်တပ်က အဓမ္မဖမ်းဆီးလာသည့် ပြည်သူများကို ကြားကာလအစိုးရထံ အပ်နှံ

ရန်ကုန်၊ ဧပြီ ၇

မကွေးတိုင်း၊ ကမ္မမြို့၊ သာကြီးတောင် ရေနံမြေတွင် စစ်ကောင်စီ၏ စစ်ယာဉ်တန်းမှ ရိက္ခာယာဉ် ၇စီးကို တော်လှန်ရေးတပ်များက တိုက်ခိုက် သိမ်းဆည်းပြီး ရရှိသော ရိက္ခာများကို ပြည်သူများကို ပြန်လည် မျှဝေ ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)က သတင်းထုတ်ပြန်သည်။

ဧပြီ ၂ ရက်နေ့ မကွေးတိုင်း၊ ကမ္မမြို့နယ်၊ သာကြီးတောင် ရေနံမြေအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရိက္ခာယာဉ်တန်းကို ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)အပါဝင် တော်လှန်သောပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြကြောင်း၊ ပခုက္ကူ တပ်မ ၁၀၁ မှ လာသည့် ကားအစီးရေရာနီးပါးပါ စစ်ကောင်စီစစ်ကြောင်းကို မိနစ် ၄၀ ကြာ ကြားဖြတ်စီးနင်းတိုက်ခိုက်ခဲ့ပြီး နောက်ဆုံး စစ်တပ်၏ ရိက္ခာယာဉ် ၇စီးကို မီးရှိဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ထို့ပြင် သိမ်းဆည်းရမိသည့် ရိက္ခာတချို့ကို နီးစပ်ရာစစ်ဘေးသင့်ပြည်သူများထံသို့ ပြန်လည်မျှဝေခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်က အဓမ္မခေါ်ဆောင်ပြီး ယာဉ်တန်းတွင်ပါဝင်လာသည့် အရပ်သားပြည်သူတချို့ကိုလည်း ကြားကာလအစိုးရ၏ သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ အပ်နှံခဲ့ကြကြောင်း သိရှိရသည်။

စစ်ဆင်ရေးတွင် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF ) အပါဝင် ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA)၊ပခုက္ကူခရိုင်တပ်ရင်း ၁၃၊ အနောက်လွင်ပြင် (LPDF)၊ ဧရာအနောက်(ကမ္မ ပကဖ)၊ PDF ကမ္မ(ကမ္မ ပကဖ)၊ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၊ နယ်စီးမခြားဖရီးဒမ်း ဖက်ဒရယ်စစ်ကြောင်း (၁)တို့အတူ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article