26 C
Yangon

ကျိုက်ထိုမြို့တွင် စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းနေသော ရာအိမ်မှူး အောင်ကျော် နံပြားရောင်းနေစဉ် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကျိုက်ထိုမြို့တွင် စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းနေသော ရာအိမ်မှူး အောင်ကျော် နံပြားရောင်းနေစဉ် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းနေသော ရာအိမ်မှူး အောင်ကျော် နံပြားရောင်းနေစဉ် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၈ ရက်နေ့ နံနက် ၅ နာရီ ၂၆ မိနစ်ခန့်တွင် ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက် ငပိစိပ့် တိုးချဲ့ ရပ်ကွက်၌ အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော ရာအိမ်မှူး အောင်ကျော် သည် နံပြားရောင်းချနေစဉ် PDF ၊ တပ်ရင်း-၇၈၀၅ ၊ တပ်ခွဲ-၄ UG ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

“ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက် ငပိစိပ့် တိုးချဲ့ ရပ်ကွက်ထဲမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေ လည်ပတ်နိုင်ရေး အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းပြီး ရပ်ကွက်ထဲ စာရင်းလိုက်လံကောက်ခံပြီး ဦးစီး လုပ်ကိုင်နေတဲ့ ရာအိမ်မှူး အောင်ကျော်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ပွဲချင်းပြီးသေဆုံးပါတယ်။ သူကနံပြားရောင်းတာ သူ့ဆိုင်အတွင်းမှာပဲ ပစ္စတိုနဲ့ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့တာ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article