ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ နှင့် စစ်ကိုင်းခရိုင်တပ်ရင်း ၃ တို့ ပူးပေါင်း၍အခြေခံစစ်သင်တန်းအပတ်စဥ် ၁ ပို့ချ
ရန်ကုန်၊ မေ ၇
စစ်ကိုင်းတိုင်းတွင် ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ နှင့် စစ်ကိုင်းခရိုင်တပ်ရင်း ၃ တို့မှ ပူးပေါင်း ပြုလုပ်သော အခြေခံစစ်သင်တန်း အပတ်စဥ် ၁ ကို အောင်မြင်စွာ ပို့ချနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းတွင် အခြေခံစစ်သင်တန်း၊ စစ်ကောင်စီနှင့် စစ်ကောင်စီတပ်သားများ၏ အလေ့အထ သဘောတရားများကို အဓိက သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။


