24.9 C
Yangon

ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေရှိ အောင်ဇေယျ စစ်ကြောင်းမှ စစ်သား ၅ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်၊ စစ်ကြောင်းကိုလည်း ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေရှိ အောင်ဇေယျ စစ်ကြောင်းမှ စစ်သား ၅ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်၊ စစ်ကြောင်းကိုလည်း ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ မေ ၁၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေရှိ အောင်ဇေယျ စစ်ကြောင်းမှ စစ်သား ၅ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၁၂ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေကို ရောက်ရှိ နေသော အောင်ဇေယျ စစ်ကြောင်းမှ တပ်မ ၅၅ လက်အောက်ခံ တပ်သား ၃ ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင် ရောက်ခဲ့ကြောင်း၊ ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း အမှတ် ၃၁ ဗျူဟာထံ ဆက်သွယ်ကာ စစ်သား ၂ ဦးအလင်းဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့ အလင်းဝင်တာ ကျနော်သိသလောက်ကတော့ ၃ ဦးပါ။ အရင်က အမှတ် ၃၁ ဗျူဟာမှူးကိုယ် တိုင် တိုက်ရိုက်လက်ခံထားတာ ၂ ဦးရှိပါတယ်။ အလင်းဝင်လာတဲ့ စစ်သားတွေအတွက်ကတော့ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ ဆက်သွားမှာပါ” ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သားများအနေဖြင့် မင်းအောင်လှိုင်နှင့်အာဏာရှင် လူတစ်စု အတွက် ပြည်သူကိုလူထုကို ဆန့်ကျင်ကာ အသက်သေးတိုက်ဝင်ခြင်းမပြုပဲ ပြည်သူလူ ထုနှင့်အတူ ရပ်တည်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ အလင်းဝင်ရောက်ကြရန် ကျားဖြူစစ် ကြောင်းက တိုက်တွန်းနှိုးဆော်ထားသည်။

ထို့ပြင် ဒေါနတောင်ခြေ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကိုလည်း ရော့ကတ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

ယနေ့ မေလ ၁၂ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ရောက်ရှိကာ တပ်စွဲနေထိုင် သော အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေယျ စစ်ကြောင်းမှ စစ်သားများကို Rocket လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အရေ အတွက် အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“သူတို့တပ်စွဲထားတဲ့နရာတွေကို တိုက်ခိုက်ခဲ့တာပါ။ ဒေါနတောင်ခြေတဝိုက်မှာပဲ။ မြေပြင် သတင်း အချက်အလက်တော့ မသိရသေးဘူး။ အောင်ဇေယျစစ်ကြောင်းကို ကျနော်တို့ မြေပြင်ပူးပေါင်း အဖွဲ့ တွေ အစွမ်းကုန်ပိတ်ဆို့ ဖြတ်တောက်နေပါတယ်။ ပူးပေါင်းအဖွဲ့ဆိုတာက KNLA အပါအဝင် အမှတ် ၃၁ ဗျူဟာ၊ အမှတ် ၃၂ ဗျူဟာ ပေါင်းပြီး ဝန်းရံပိတ်ဆို့ထားပါတယ်” ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ကရင်ပြည်နယ် နေရာအနှံတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိနေသောကြောင့် ပြည်သူ များအနေဖြင့် ဘေးကင်းရာအရပ်တွင် သတိပြုနေထိုင်ကြပါရန် ကျားဖြူစစ်ကြောင်းက ထုတ်ပြန် ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article