27 C
Yangon

မုံရွာမြို့နယ်၊ ကြီးဗဒုံရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

Must read

မုံရွာမြို့နယ်၊ ကြီးဗဒုံရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

ရန်ကုန်၊ မေ ၂၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြီးဗဒုံရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၇ ဦး သေဆုံးခဲ့ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကြီးဗဒုံရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ကြီးဗဒုံရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ခွေးတွေကို ဝင်ရောက် တိုက်ခိုက်တာ စစ်ခွေး ၁၇ ကောင် သေတယ်လို့ တပ်တွင်းဖရဲသီးဆီကနေ ဒီနေ့ သတင်းပို့လာတာပါ။ စစ်ခွေးတွေကလည်း လက်နက်ကြီး၊ လက်နက်ငယ်၊ RPG တွေ ဟောင်ဝှစ်ဇာတွေ နဲ့ ကျောက်စစ်ပုံ အမြောက်တပ်ကလည်း လက်နက်ကြီး အမြောက်အများပစ်ခတ်လို့ ပြန်လည် ဆုတ်ခွာခဲ့ရတာ” ဟု ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဘုတလင်မြို့နယ် ပကဖ အဖွဲ့ ၊ ဝလုံးကျေးရွာ ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၂ အဖွဲ့ ၊ စာကလေး ကျေးရွာ ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၈ အဖွဲ့နှင့် ရွာခံကာကွယ်ရေး အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article