27 C
Yangon

ဘီးလင်းမြို့နယ်၊ သံတံတား တိုးဂိတ်ဟောင်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်

Must read

ဘီးလင်းမြို့နယ်၊ သံတံတား တိုးဂိတ်ဟောင်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၁၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သံတံတား တိုးဂိတ်ဟောင်းရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် ဘီးလင်းမြို့နယ် ၊ သဲဖြူချောင်း ၊ သံတံတား တိုးဂိတ်ဟောင်းရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ UG အဖွဲ့မှ ရဲဘော်များက ၄၀ မမ ၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ယင်း စစ်ဆေးရေးဂိတ်ကို လူနာတင်ကား ၂ စီး ဝင်ရောက်သွားကြောင်း သိရှိရသည်။

“ကျွန်တော်တို့ စစ်ခွေး သေစာရင်းတော့ အတည်မပြုနိုင်သေးဘူး။ တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့ နောက်မှာတော့ စစ်ခွေးဂိတ်ကို လူနာတင်ကား ၂ စီး ဝင်ရောက်သွားတယ်။ စစ်ခွေး သေစာရင်းကိုတော့ ဆက်လက်စုံစမ်းနေပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article