27 C
Yangon

တောင်ကုတ်ကို AA က စတင်တိုက်ခိုက်ပြီး တိုက်ပွဲများ စတင်ဖြစ်ပွားနေ၊ စစ်တပ်က တောင်ကုတ်မြို့အဝင် အထွက်ကုန်းလမ်းကို ပိတ်ဆို့ထား၍ စစ်ဘေးရှောင်ပြည်သူများ ရေလမ်းဖြင့် ထွက်ပြေးနေရ

Must read

တောင်ကုတ်ကို AA က စတင်တိုက်ခိုက်ပြီး တိုက်ပွဲများ စတင်ဖြစ်ပွားနေ၊ စစ်တပ်က တောင်ကုတ်မြို့အဝင် အထွက်ကုန်းလမ်းကို ပိတ်ဆို့ထား၍ စစ်ဘေးရှောင်ပြည်သူများ ရေလမ်းဖြင့် ထွက်ပြေးနေရ

ရန်ကုန်၊ ဇွန် ၁၆

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ ဒေသပြည်သူများ စတင် ထွက်ပြေးတိမ်းရှောင်နေကြရပြီး မြို့တွင်း ပိတ်မိနေသူများလည်း ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့ ညပိုင်းမှ စတင်၍ တောင်ကုတ်မြို့ နယ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး တောင်ကုတ်မြို့ရှိ မြို့စောင့်တပ်က လေယာဉ်များ၊ ဒရုန်းများ ဝဲကာ ဗုံးများ ကျဲချနေကြောင်း၊ အကြမ်းဖက်စစ်တပ်က ကုန်းလမ်းကို ပိတ်ဆို့ထားကြောင်း သိရှိရသည်။

“ညက စစ်ကောင်စီတပ်က တောင်ကုတ်မြို့ပေါ်ကနေ တောက်လျှောက်ပစ်တယ်။ တောင်ကုတ်မြို့စောင့်တပ်ကော လေယာဉ်နဲ့ကော ဒရုန်းက ညဘက်တောက်လျောက် ဝဲပြီးကျဲနေတယ်။ တောင်ကုတ်တက္ကသိုလ်ဂိတ်နားမှာ ထိတွေ့တိုက်ပွဲ ညကဖြစ်တယ်။ တောင်ကုတ်မြို့နဲ့ ၂မိုင်ဝန်းကျင် မှာ တိုက်ပွဲဖြစ်နေတာ ။ အခု မြို့ထဲကလူတွေပိတ်မိနေတာရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထို့ပြင် တောင်ကုတ်မြို့ တစ်ဖက်ကမ်း ဒုံနှင့် တိမ်းချောင်းကျေးရွာအနီးဝန်းကျင်တွင်လည်း ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ တောင်ကုတ်မြို့နှင့် အနီးဝန်းကျင်ရှိ ပြည်သူများမှာ ရေလမ်းမှ တစ်ဆင့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

“စစ်တပ်က ကုန်းလမ်းကို ပိတ်ထားတယ်။ ကုန်းလမ်းက ပြေးခွင့်မပေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏ စကခ ၅ နှင့် ၃၄၆ တပ်တို့က ဇွန်လ ၁၅ ရက်နေ့ ည ၇ နာရီခွဲ ဝန်းကျင်ကစ၍ လက် နက်ကြီးများနှင့် ပစ်ခတ်မှုများကို ည ၁၀ နာရီ အထိ လုပ်ဆောင်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှု ရပ်တန့်ပြီးသည့် နောက်တွင် ဒရုန်းများ လေယာဉ်များနှင့် တောင်ကုတ်မြို့အနီးဝန်းကျင်ကို ဗုံးများ ကျဲချခဲ့ကြောင်း၊ ယမန်နေ့ ည ၁၂ နာရီအထိ လေကြောင်းဖြင့် ဗုံးများ ကျဲခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် အထိအခိုက် အပျက်အစီး အခြေအနေကို မသိရှိရသေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article