27 C
Yangon

တောင်ကိုရီးယားနိုင်ငံ ဂင်ချွန်းမြို့နှင့် ဂူမိမြို့များတွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အကြိုဆုတောင်းပွဲနှင့် ဆန္ဒပြပွဲပြုလုပ်

Must read

တောင်ကိုရီးယားနိုင်ငံ ဂင်ချွန်းမြို့နှင့် ဂူမိမြို့များတွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အကြိုဆုတောင်းပွဲနှင့် ဆန္ဒပြပွဲပြုလုပ်

ရန်ကုန်၊ ဇွန် ၁၆

တောင်ကိုရီးယားနိုင်ငံ ဂင်ချွန်းမြို့နှင့် ဂူမိမြို့များတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အကြိုဆုတောင်းပွဲနှင့် ဆန္ဒပြပွဲကို ကျင်းပခဲ့ကြောင်း သိရှိရသည်။

တောင်ကိုရီးယားနိုင်ငံ၊ဂင်ချွန်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့အကြိုဆုတောင်းပွဲကျင်းပခဲ့ပြီး ဂူမိမြို့တွင် စစ်ဘေးရှောင်ပြည်သူများအတွက် အလှူခံခဲ့ကာ မြန်မာ့အရေးကူညီပေးရန် ဆိုင်းဘုတ်များကိုင်ဆောင်၍ စစ်အာဏာသိမ်းမှုအလိုမရှိ ဆန္ဒပြပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆန္ဒပြပွဲတွင် တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက တော်လှန်ရေးရှေ့ဆက်လက်ပါဝင်ရန်၊စတင်ပါဝင်ချိန်သည် အကောင်းဆုံးဖြစ်ကြောင်း မိန့်ကြားခဲ့ပြီး

လူထုခေါင်းဆောင်ကို ဂုဏ်ပြုသောအားဖြင့် ဆားလင်းကြီးစစ်ဘေးရှောင်တစ်​နေရာတွင်

စားနပ်ရိက္ခာကျွေးမွေးရန် သိန်း ၃၀ ကျပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article